နေမာ ကို ခေါ်ယူရန် မန်ယူ ဆက်သွယ်

2.3K
အင်္ဂလန် ပရီးမီးယားလိဂ် မန်ချက်စတာ ယူနိုက်တက်ဟာ စပိန် ဘာစီလိုနာအသင်းက တိုက်စစ်မှူး နေမာနဲ့ ချိတ်ဆက်နေပါတယ်။
အသက် ၂၃ နှစ် နေမာကို ၀ယ်ယူဖို့ မန်ယူက တိတ်တဆိတ် ဆွေးနွေး ပြောဆိုမှုတွေ လုပ်နေတယ်လို့ ဗြိတိန် သည်ဆန်မ်းသတင်းက ရေးပါတယ်။
ကမ္ဘာအကြီးဆုံးကလပ် အသင်းတသင်းဖြစ်တာနဲ့အညီ မန်ယူဟာ အကောင်းဆုံး ကစားသမား ဖြစ်လာနိုင်တဲ့ ကစားသမားနောက် လိုက်တာဟာ သူတို့ အခွင့်အရေး တခုပါလို့ ဘာစီလိုနာက သတင်းရင်းမြစ်ကို ကိုးကားပြီး ရေးပါတယ်။
ဘရာဇီးလက်ရွေးစင်နေမာကို ရက်ပိုင်းအတွင်းမှာ ဘာစီလိုနာက စာချုပ်သစ် လက်မှတ် ထိုးဖို့ ရှိနေတဲ့ အချိန်မှာ မန်ယူက လက်မှတ်ရေးထိုးဖို့ ချဉ်းကပ်လာတာလည်း ဖြစ်ပါတယ်။
မန်ယူက အလိုရှိနေတဲ့ ပက်ဒရိုကို ချဲလ်ဆီးက ခေါ်ယူသွားပြီးတဲ့နောက် နေမာကို ပစ်မှတ်ထားလာတာ ဖြစ်ပါတယ်။
ဒါအပြင် မန်ယူဟာ ဂျာမနီ ဘွန်ဒစ်လီဂါ ဘိုင်ယန်မြူးနစ်အသင်းက တိုက်စစ်မှူး မူလာကို ခေါ်ဖို့ ချိတ်ဆက်တာတွေ လုပ်ဆောင်နေတယ်လို့လည်း သတင်းတွေထွက်ပေါ်နေပါတယ်။