အိုးပုတ်ပွဲတော် (ဓာတ်ပုံ)
DVB
·
August 22, 2015
အိုးပုတ်ပွဲတော်ကို မန္တလေးမြို့ အောင်မြေသာစံမြို့နယ် အိုးဘိုရပ်ကွက်မှာ နှစ်စဉ်ဝါခေါင်လဆန်း ၈ ရက်နေ့ ကျင်းပပြုလုပ်ပါတယ်။
ရွှံ့စေးနဲ့ ပြုလုပ်ထားတဲ့ အိမ်အသုံးအဆောင် ပစ္စည်းတွေ၊ ကလေးကစားစရာ အရုပ်တွေကို အနယ်နယ်အရပ်ရပ်က လာရောက်ပြီး ရောင်းချကြပါတယ်။
ယခင်က အိမ်သုံးအတွက် ရွှံ့စေးနဲ့ပြုလုပ်ထားတဲ့ မြေအိုးတွေ ဝယ်ယူရင်း ကလေးကစားစရာ အရုပ်လေးတွေကို အပျော်သဘော ယူဆောင်ကြပြီး ခုနှောက်ပိုင်းမှာတော့ မရှိသလောက်ရှားသွားပြီလို့ ဈေးသည်တွေက ပြောပါတယ်။
ဓာတ်ပုံ - အိမ်ခိုင်မြဲ