A d v e r t i s e m e n t With Us

ခင်ပွန်းဖြစ်သူနှင့်ကွာရှင်းခွင့် နာမည်ကျော် မင်းသမီး မီဂန်ဖို့ဒ် လျှောက်ထား

Actor Brian Austin Green and his wife, actress Megan Fox, arrive at the 70th annual Golden Globe Awards in Beverly Hills, California, January 13, 2013. REUTERS/Mario Anzuoni
နာမည်ကျော် ဟောလိဝုဒ် သရုပ်ဆောင်မင်းသမီး မီဂန်ဖို့ဒ် (Megan Fox) က  သူ့ခင်ပွန်းဖြစ်တဲ့ သရုပ်ဆောင် Brian Austin Green နဲ့ တရားဝင် ကွာရှင်းခွင့်အတွက် လော့အိန်ဂျလိစ် တရားရုံးမှာ  ဦးတိုက် လျှောက်ထားတယ်လို့ တရားရုံးပြောခွင့်ရသူက ဆိုပါတယ်။ သူတို့ ဇနီးမောင်နှံ တကွဲတပြားစီ ဖြစ်နေတယ်ဆိုတဲ့ သတင်းတွေ  ဒီတပတ် အစောပိုင်းမှာ ထွက်ပေါ်လာပြီးနောက် လော့အိန်ဂျလိစ် တရားရုံးချုပ်မှာ အခုလို လျှောက်ထားလိုက်တာလည်းဖြစ်ပါတယ်။ အသက် ၂၉ နှစ်အရွယ်  မင်းသမီး Megan Fox  ဟာ ထရန်စဖောမာ Transformers ရုပ်ရှင်နဲ့ နာမည်ကြီးသူဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ်မှာ သူ့ကို  ဆွဲဆောင်မှု အရှိဆုံး အမျိုးသမီးအဖြစ် FHM မဂ္ဂဇင်းက ဖော်ပြပါတယ်။ သူ့အသက် ၁၈ နှစ်အရွယ်ကတည်းက အဲဒီအချိန်က အသက် ၃၀ အရွယ်  Austin Green နဲ့ ဆုံဆည်းခဲ့တယ်လို့ ဆိုပါတယ်။ နှစ်ပေါင်းများစွာ လက်တွဲခဲ့ကြပြီး ၂၀၁၀ မှာ တရားဝင်လက်ထပ်ခဲ့ကြတဲ့ ဇနီးမောင်နှံမှာ ကလေးနှစ်ယောက် ရှိပါတယ်။

A d v e r t i s e m e n t With Us

More News
Up