ဒီဂီယာ ရောင်းရန်မဟုတ်ဟု မန်ယူနည်းပြပြော
DVB
·
August 22, 2015
အင်္ဂလန် ပရီးမီးယားလိဂ် မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ဂိုးသမား ဒေးဗစ်ဒီဂီယာဟာ အပြောင်းအရွှေ့ကာလအတွက် ရောင်းချမယ့် ဂိုးသမား မဟုတ်ဘူးလို့ နည်းပြ ဗန်ဂေါက ပြောပါတယ်။
ဒီနှစ်နွေရာသီမှာ အသက် ၂၄ နှစ် ဒီဂီယာဟာ စပိန်လာလီဂါက ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ချိတ်ဆက်နေပေမယ့် အသင်းမှာ ဆက်ရှိနေမယ်လို့ ဗန်ဂေါက ပြောပါတယ်။
“ကျနော်တို့ ဒီဂီယာကို ရောင်းချသွားမှာ မဟုတ်ပါဘူး” လို့ ဗန်ဂေါက ပြောပါတယ်။
ဒီဂီယာဟာ မန်ယူနဲ့ စာချုပ် ၁ နှစ်သက်တမ်းကျန်ရှိနေသလို ရီးရဲလ်ရဲ့ စိတ်ဝင်စားမှုကြောင့် ဘောလုံးပွဲကို အာရုံမစိုက်နိုင်ဘူးလို့ နည်းပြက ယုံကြည်တာကြောင့် ပရီးမီးယားလိဂ် ပွဲ ၂ ပွဲမှာ ထုတ်သုံးခဲ့ခြင်း မရှိပါဘူး။
ပရီးမီးယားလိဂ် ဘောလုံးသမား အပြောင်းအရွှေ့ကို စက်တင်ဘာ ၁ ရက်နေ့ ပိတ်မှာ ဖြစ်ပါတယ်။