A d v e r t i s e m e n t With Us

ဘန်ကောက် ဗုံးခွဲသူကို ဖမ်းဆီးရန် သတင်းပေးသူ ဘတ် ၁၀ သန်း ဆုကြေးပေးမည်

Thai military personnel work with a detection dog on the Bangkok Skywalk August 19, 2015, as authorities step up security in the city after Monday's deadly blast at the Erawan shrine. REUTERS/Kerek Wongsa
ထိုင်းနိုင်ငံ ဘန်ကောက် ဧရာဝဏ် နတ်ကွန်းမှာ ဗုံးဖောက်ခွဲတဲ့သူကို ဖမ်းမိရင် ဘတ် ၁၀ သန်းအထိ ဆုကြေးငွေ ရရှိနိုင်မှာ ဖြစ်ပါတယ်။ ထိုင်းရဲတပ်ဖွဲက ဖောက်ခွဲသူကို ဖမ်းဆီးဖို့ သတင်းပေးပါက ဘတ် ၃ သန်း အထိပေးမယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒါအပြင် အရင် ၀န်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ကလည်း ဖမ်းဆီးနိုင်တဲ့သူကို ဘတ် ၂ သန်း ပေးဖို့ ကမ်းလှမ်းလိုက်တယ်လို့ သူ့သားရဲ့ လူမှုရေးကွန်ရက် ဖေ့စ်ဘွတ်ခ်မှာ ရေးပါတယ်။ ဖမ်းဆီးရဖို့အတွက် ကြိုးပမ်းပေးတဲ့ အရာရှိကိုလည်း ဘတ် ၅ သန်းထပ်ပေးမယ်လို့ သက်ဆင်ရဲ့သားက ပြောပါတယ်။ ဗုံးဖောက်ခွဲမှုဟာ ထိုင်းနိုင်ငံရဲ့ စီးပွားရေးနဲ့ ခရီးသွားလုပ်ငန်းကို ထိခိုက်အောင် ရည်ရွယ် လုပ်ဆောင်တာ ဖြစ်တယ်လို့ အဖွဲ့တွေက ယုံကြည်တဲ့အကြောင်း ထိုင်း နိုင်ငံတော်ငြိမ်းချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးကောင်စီ ပြောခွင့်ရက ပြောပါတယ်။ ပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှု ဖြစ်စဉ်က တိုးတက်နေသလို လုပ်ဆောင်နေတဲ့ စုံစမ်းမှုတွေကို ထိခိုက်နိုင်တဲ့ အတွက် အသေးစိတ်ကို အာဏာပိုင်တွေက မထုတ်ပြန်နိုင်ဘူးလို့ ပြောပါတယ်။ ဧရာဝဏ် ဗုံးခွဲသူနဲ့ ပတ်သက်တဲ့ ရုပ်ပုံကို ထုတ်ပြန်ခဲ့ပေမယ့် လူဝင်မှုကြီးကြပ်ရေး အရာရှိတွေကတော့ စစ်ဆေးရေးဂိတ်မှာ သူ့ကို မတွေ့ရှိရဘူးလို့ ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up