အမေရိကန် အစိုးရဌာနတွင် ပစ်ခတ်မှုဖြစ် (ရုပ်သံ)

3.9K
အမေရိကန် ပြည်ထောင်စု နယူယော့ခ်မြို့မှာရှိတဲ့ ပြည်ထောင်စုအစိုးရဌာနမှာ သြဂုတ် ၂၁ ရက်နေ့က သေနတ်ပစ်ခတ်မှု ဖြစ်ခဲ့ပြီး ၁ ဦး သေဆုံး၊ ၁ ဦး ဒဏ်ရာရတယ်လို့ ရဲအဖွဲ့နဲ့ မီးသတ်ဌာနက ပြောပါတယ်။
လူဝင်မှု ကြီးကြပ်ရေးဌာန တရားရုံးရှိတဲ့ အဆောက်အအုံထဲမှာ ပစ်ခတ်မှု ဖြစ်ခဲ့ပြီး၊ ဒဏ်ရာရသူကို ဆေးရုံတင်ထားရတယ်လို့ မီးသတ်ဌာန ပြောခွင့်ရသူက ဆိုပါတယ်။
သေဆုံးသွားသူနဲ့ ပတ်သက်လို့ အသေးစိတ်အချက်အလက်ကို ရဲက သတင်းမထုတ်ပြန်သေးပါဘူး။
ဒဏ်ရာအပြင်းအထန် ရသွားတဲ့ သူဟာ လုံခြုံရေး အရာရှိ ၁ ဦး ဖြစ်တယ်လို့ ဝေါစထရိ ဂျာနယ် သတင်းမှာ ဖော်ပြပါတယ်။
သေနတ်သမားဟာ လုံခြုံရေး အရာရှိကို ပစ်တဲ့ သေနတ်နဲ့ပဲ သူ့ကိုယ်သူ ပစ်သတ်သွားတာ ဖြစ်ပုံရတယ်လို့ သတင်းက ဆိုပါတယ်။