လီဗာပူး ကို ပေးလိုက်ရသည့် ဂိုး မှားယွင်းဟု ပရီးမီးယားလိဂ်ပြော (ရုပ်သံဟိုက်လိုက်)

3.2K
သြဂုတ် ၁၇ ရက် အင်္ဂလန် ပရီးမီးယားလိဂ် လီဗာပူးနဲ့ ဘုန်းမောက်တို့ ကစားတဲ့ ပွဲစဉ်မှာ လီဗာပူးကို ခွင့်ပြုပေးလိုက်တဲ့ ဂိုးဟာ မှားယွင်းတယ်လို့ ပရီးမီးယားလိဂ်က ပြောပါတယ်။
ပွဲချိန် ၂၆ မိနစ် ခရစ္စတီယန် ဘန်တပ်ကီသွင်းယူသွားတဲ့ ဂိုးဟာ အသင်းဖော် ကော်တင်ဟို ဟာ လူကျွံနေပေမယ့် ခွင့်ပြုလိုက်တာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ်ရဲ့ ထုတ်ပြန်ချက်မှာ ဒီဂိုးဟာ လူကျွံနေတဲ့ အနေအထားမှာ ရှိနေတယ်လို့ ဆိုပါတယ်။
ဒါပေမယ့်လည်း ဒိုင်လူကြီး ကာရစ်ပေါဆန်က ဂိုးအဖြစ်ခွင့်ပြုပေးခဲ့တာ ဖြစ်ပါတယ်။
ဒီဂိုးနဲ့ပတ်သက်ပြီး ပြန်လည်ရှင်းပြဖို့ ဒိုင်ချုပ် မိုက်လီလေးကို ဘုန်းမောက် နည်းပြက အစောပိုင်းက ဆက်သွယ်ခဲ့ပါတယ်။