A d v e r t i s e m e n t With Us

ဆေးစိမ် လူသေအလောင်း စံပြရုပ်ထားရှိသည့် မင်္ဂလာဝတ်စုံဆိုင်

မက္ကဆီကိုနိုင်ငံမှာ ဆေးစိမ်ထားတဲ့တကယ့်လူသေအလောင်းနဲ့ ပြုလုပ်ထားတဲ့ စံပြအရုပ်ကို ထားရှိတဲ့ ဆိုင်တဆိုင်ရှိတယ်လို့ diply.com သတင်းမှာဖော်ပြပါတယ်။ လူမှုကွန်ရက်တခုဖြစ်တဲ့ “ရက်ဒစ်” အသုံးပြုသူတဦးက La Popular အမည်ရတဲ့ အဲဒီဆိုင်အကြောင်းကို အင်တာနက်ပေါ်မှာ ပြန်လည်မျှဝေခဲ့တာဖြစ်ပါတယ်။ အဲဒီစံပြအရုပ်ဟာ သေဆုံးသူတွေကို မပုပ်မသိုးအောင်ဆေးစိမ်ထားတာဖြစ်ပြီး  ဆိုင်ရဲ့အရှေ့ ဘက်တံခါးနားမှာ ထားရှိတာဖြစ်ပါတယ်။ ဆိုင်ပိုင်ရှင်မှာ ပတ်စကူလီတာအမည်ရှိတဲ့ သမီးတယောက်ရှိခဲ့ပြီး သူဟာ မင်္ဂလာ ဆောင်တဲ့နေ့မှာပဲ သေဆုံးခဲ့တာလို့ သတင်းမှာဖော်ပြပါတယ်။ သူမရဲ့မိခင်က မမ်မီရုပ်အလောင်းတွေလို ဆေးစိမ်တဲ့နည်းပညာနဲ့ မပုပ်မသိုးအောင် စီမံခဲ့တာဖြစ်တဲ့အတွက် မင်္ဂလာဝတ်စုံကိုဝတ်ဆင်ပြီး ဆိုင်ရှေ့မှာ ခုလိုထားနိုင်တာဖြစ်ပါတယ်။ ဆိုင်ပိုင်ရှင်နဲ့ ၀န်ထမ်းတချို့က အဲဒီစံပြအရုပ်ကို အ၀တ်အစားလဲလှယ်ဝတ် ဆင်ပေးကြတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။  

A d v e r t i s e m e n t With Us

More News
Up