အစ္စရေး သူလျှိုလင်းပိုင်တကောင်ကို ဟားမတ်စ်စစ်သွေးကြွ ဖမ်းမိ

1.6K
အစ္စရေးအစိုးရရဲ့ သူလျှိုလင်းပိုင်တကောင်ကို မက်ဒီတာရေးနီယန်း ပင်လယ်ထဲမှာ ဂါဇာအခြေစိုက် ဟားမက်စ်စစ်သွေးကြွအုပ်စုက ဖမ်းဆီးရမိခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။
ခုဖမ်းဆီးမိတဲ့ လင်းပိုင်ဟာ သေသေချာချာ စနစ်တကျ လေ့ကျင့်ပေးထားတဲ့အတွက် သံသယဖြစ်ဖွယ်ကောင်းတယ်လို့ ဟားမတ်စ်စစ်သွေးကြွတွေက ပြောပါတယ်။
ထောက်လှမ်းရေးဆိုင်ရာပစ္စည်းတွေနဲ့ ဗွီဒီယိုကင်မရာတွေ တပ်ဆင်ထားတဲ့ လင်းပိုင်တွေနဲ့ အစ္စရေးအုပ်စုတွေဟာ ကမ်းခြေနယ်မြေတလျှောက်မှာ ထိန်းချုပ်နေတာဖြစ် တယ်လို့ ဆိုပါတယ်။
လင်းပိုင်တွေကို ပင်လယ်ဖျံတွေလိုပဲ စစ်ဘက်ဆိုင်ရာရည်ရွယ်ချက်တွေအတွက် အမေရိကန်နဲ့တခြားနိုင်ငံတွေက ၁၉၆၀ ပြည့်နှစ်တွေတည်းက အသုံးပြုခဲ့ကြတာပါ။
ငှက်တွေ၊ ကိုက်ဖြတ်တတ်တဲ့ သတ္တ၀ါတွေနဲ့ တိရစ္ဆာန်တွေကို စပိုင်အဖြစ်အသုံးချမှုဟာ မငြိမ်မသက်ဖြစ်နေတဲ့ အရှေ့အလယ်ပိုင်းဒေသမှာ အချိန်နဲ့အမျှမြင့်တက်နေ တယ်လို့ နယူးဇီလန် ဟာရိုးလ်ဒ်သတင်းမှာ ဖော်ပြပါတယ်။
၂၀၀၇ ခုနှစ်တုန်းက အီရန်နိုင်ငံမှာ ထောက်လှမ်းစောင့်ကြည့်နေတဲ့ ရှဥ့် ၁၄ ကောင်ကို ဖမ်းဆီးရမိခဲ့ပါသေးတယ်။ အီရန်နိုင်ငံ သတင်းမီဒီယာကွန်ရက် (အိုင်အာအန်အေ) က အဲဒီ ရှဥ့်တွေဆီမှာ ခိုးနားထောင်နိုင်မယ့် အသံဖမ်းစက်တွေ ပါဝင်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။