မန္တလေးမီးသတ်အနီး မီးလောင်၍ ဆိုင်ခန်း ၁၂ ခန်း ပြာကျ
အေးနိုင်
·
June 16, 2011
မန္တလေးမြို့ မဟာအောင်မြေမြို့နယ်၊ လမ်း ၆၀ ရဲ့ အရှေ့ဘက် ထန်းကိုးပင် မီးသတ်ရုံးနဲ့ မျက်နာချင်းဆိုင်မှာ ရွှေကမ္ဘာခေါင်ရည်ဆိုင်ကနေ စပြီးတော့ ဝါယာရှော့ကနေ မီးလောင်ကျွမ်းမှု ဖြစ်ပွားပါတယ်။
မွန်းတည့် ၁၂ နာရီကနေ ၁၂ နာရီ ၄၅ မိနစ်လောက်အထိ မီးလောင်ကျွမ်းခဲ့တာဖြစ်ပြီး ၁၆ ပေ အခန်း ၁၀ ခန်းလောက်နဲ့ လေထိုးကျွတ်ဖာဆိုင် ၂ ဆိုင်လည်း မီးလောင်ကျွမ်းခဲ့တယ်လို့ မန္တလေးမြို့ခံတဦးက ပြောပါတယ်။
“မကြာဘူးခင်ဗျ ခဏလေးပဲ။ ဆိုင်ခန်းတွေက အိမ်လိုယာလို ကောင်းကောင်း မွန်မွန်တည်ဆောက်ထားတာ မဟုတ်တဲ့အတွက် သူက ခဏလေးနဲ့ မီးလောင်ကျွမ်း သွားတယ်လို့ ပြောရမှာပေါ့နော်။”
မီးလောင်ကျွမ်းမှု ဖြစ်ပွားရာနေရာကို မြို့တော်ဝန်လည်း လာရောက်ကြည့်ရှုခဲ့တယ်လို့ မြို့ခံက ပြောပါတယ်။
မီးလောင်ကျွမ်းမှုရဲ့ ဆုံးရှုံးမှုတန်ဖိုးကိုတော့ မသိရသေးဘူးလို့ မြို့ခံက ပြောပါတယ်။