A d v e r t i s e m e n t With Us

အတ္တလန်တာ လေဆိပ်တွင် လေယာဉ်တစီး မိုးကြိုးထိမှန် (ရုပ်သံ)

အမေရိကန်ပြည်ထောင်စု အတ္တလန်တာ အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ရပ်ထားတဲ့ ဒဲလ်တာ လေကြောင်းလိုင်းက လေယာဉ်တစီးကို မိုးကြိုးထိမှန်ခဲ့ပါတယ်။ သြဂုတ် ၁၈ ရက်က ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်ကို အပျော်တမ်း ကင်မရာသမား တဦးက ရုပ်သံအဖြစ် မှတ်တမ်းတင်ထားခဲ့ပြီး ယူကျူပေါ်တင်ခဲ့ပါတယ်။ ဒီရုပ်သံမှာတော့ လေယာဉ်တွေအများကြီး ရပ်နားထားပြီး မိုးတွေရွာနေတဲ့ လေယာဉ်ကွင်းမှာ မိုးကြိုးဟာ လေယာဉ်တစင်းကို ထိမှန်ခဲ့တာ ဖြစ်ပါတယ်။ ဒဲလ်တာ ပြောခွင့်ရ မော်ဂန် ဒူရန်ကလည်း လျှပ်စီးကြောင်းဟာ လေယာဉ်နံပါတ် ၆၇ ကို ထိမှန်ခဲ့တယ်လို့ ဆိုပါတယ်။ လေယာဉ်ပေါ်မှာပါတဲ့ ခရီးသည် ၁၁၁ ဦးနဲ့ လေယာဉ်မောင်းသမား ၆ ဦးကတော့ တစုံတရာ ဒဏ်ရာမရဘူးလို့ သူက ပြောပါတယ်။ လေယာဉ်က သတ်မှတ်ချိန်ထက် နောက်ကျမှထွက်ခွာနိုင်ခဲ့သလို မိနစ် ၂၀ နောက်ကျပြီးမှ သတ်မှတ်နေရာကို ရောက်သွားတယ်လို့ ဆိုပါတယ်။ လျှပ်စီးတွေနဲ့ ပတ်သက်ရင် အန္တရာယ်မရှိဘဲ ဦးတည်ရာကို ပြောင်းပေးအောင် လေယာဉ် ဒီဇိုင်းတွေကို လုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ ခရီးသည်တွေ ထင်မှတ်ထားတာထက် ပိုမိုပြီး လေယာဉ်တွေ မကြာခဏ လျှပ်စီး ထိမှန်လေ့ရှိတယ်လို့ လေကြောင်း ကျွမ်းကျင်သူတွေက ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up