A d v e r t i s e m e n t With Us

ဂရိ ၀န်ကြီးချုပ် နုတ်ထွက်

ဓာတ်ပုံ - ရိုက်တာ
ဂရိ ၀န်ကြီးချုပ် အလက်စစ် စီပါရီက ရာထူးကနေ နုတ်ထွက်ပြီး ရွေးကောက်ပွဲကို စောစော ကျင်းပဖို့ ကြေညာပါတယ်။ သြဂုတ် ၂၀ ရက် ဂရိ ရုပ်သံကနေ တဆင့် နုတ်ထွက်တဲ့အကြောင်းကို ကြေညာခဲ့တာ ဖြစ်ပါတယ်။ "ဇန်န၀ါရီ ၂၅ ရက် ရွေးကောက်ပွဲရဲ့ နိုင်ငံရေး လုပ်ပိုင်ခွင့်က ကန့်သတ်မှုကို ရောက်သွားပါပြီ။ အရိုးသားဆုံးပြောရရင် ရွေးကောက်ပွဲမတိုင်ခင်က ကျနော်တို့ မျှော်မှန်းထားတဲ့ သဘောတူညီချက်ကို မရသေးပါဘူး” လို့ စီပါရီက ပြောပါတယ်။ အစိုးရရဲ့ အစီအစဉ်တွေအတွက် ဂရိလူထုရဲ့ ထောက်ခံမှုကို ရယူသွားမယ်လို့လည်း သူက ဆိုပါတယ်။ စီပါရီက ဆီရီဇာပါတီကို ပြန်လည်ဦးဆောင်နိုင်ပေမယ့် သူ့ရဲ့ ခြိုးခြံချွေတာရေး အစီအစဉ်အပေါ် အဖွဲ့ဝင်တွေက ဒေါသတကြီး တုံ့ပြန်မှုကို ရင်ဆိုင်နေရပါတယ်။ ဇန်န၀ါရီလက ရွေးကောက်ခံရတဲ့ စီပါရီက ၇ လ ကြာပြီးတဲ့နောက်မှာ အခုလို နုတ်ထွက်သွားတာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲကျင်းပမယ့် ရက်ကိုတော့ ကြေညာခြင်း မရှိပေမယ့် စက်တင်ဘာ ၂၀ ရက်မှာ ဖြစ်နိုင်တယ်လို့ သတင်းတွေက ခန့်မှန်းပါတယ်။ ဂရိကို ဥရောပဇုန်မှာ ဆက်ရှိနေဖို့အတွက် ပင်စင်ပြုပြင်မှု အပါအ၀င် တချို့ကဏ္ဍတွေမှာ ဖြတ်တောက်မှုတွေ လုပ်ဆောင်ခဲ့ရပါတယ်။ ဒီအတွက် ဂရိက ယူရို ၁၄ ဒသမ ၅ ဘီလီယံကို ရရှိခဲ့ပြီး ဥရောပ ဗဟိုဘဏ်က အကြွေး ယူရို ၃ ဒသမ ၂ ဘီလီယံကို ပြန်ပေးနိုင်မှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up