ချင်းမိုင်မြို့ ဘန်ထိုဈေးအနီး ဗုံးတလုံးတွေ့ရှိ
DVB
·
August 21, 2015
ထိုင်းနိုင်ငံမြောက်ပိုင်းမြို့တော် ချင်းမိုင်မြို့၊ ဘန်ထိုဈေးနားမှာ သြဂုတ်လ ၂၀ ရက်နေ့က လက်ပစ်ဗုံးတလုံးကို ရဲတွေကတွေ့ရှိခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။
[caption id="attachment_108584" align="alignright" width="324"] ဓာတ်ပုံ- Chiang Mai City News[/caption]
အနက်ရောင်တိပ်နဲ့ ပတ်ထားတဲ့ ၁၀ စင်တီမီတာအရှည် လက်ပစ်ဗုံးကို ခရုင် နယ်မြေအမှတ် ၅ ရဲတပ်ဖွဲ့က အချိန်မီဖယ်ရှားနိုင်ခဲ့တယ်လို့ ချင်းမိုင်မြို့တော်သတင်းမှာ ဖော်ပြပါတယ်။
ရဲအရာရှိတွေက ဒီဗုံးဟာ ဆယ်ကျော်သက်လူငယ်တွေထားခဲ့တာဖြစ်နိုင်တယ်လို့ ယူဆပါတယ်။
လက်ရှိအချိန်မှာ ဘန်ကောက်မြို့ကဗုံးပေါက်ကွဲမှုနဲ့ပတ်သက်တဲ့သတင်း အချက် အလက်တွေလည်းမရရှိသေးဘူးလို့ သတင်းကဆိုပါတယ်။