A d v e r t i s e m e n t With Us

ဘန်ကောက်ဗုံး သံသယရှိသူအကြောင်း တက္ကစီသမား ရဲစခန်းတွင် ထုတ်ဖော်

ထိုင်းနိုင်ငံ ဘန်ကောက် ဧရာဝဏ် နတ်ကွန်း ပေါက်ကွဲမှုမှာ သံသယရှိတဲ့သူကို တင်ဆောင်သွားတဲ့ ၃ ဘီး တုပ်တုပ် တက္ကစီသမားက သံသယရှိသူဟာ သူမသိတဲ့ နိုင်ငံခြား ဘာသာစကားကို ပြောနေပြီး ဒါဟာ အင်္ဂလိပ်ဘာသာ မဟုတ်ဘူးလို့ ပြောပါတယ်။ 1170612အသက် ၄၇ နှစ် တက္ကစီသမားက ရဲကို သြဂုတ် ၂၁ ရက်က အစစ်ခံခဲ့တာ ဖြစ်ပြီး သူရဲ့နာမည်ကို ထုတ်ပြောခြင်းမရှိဘူးလို့ ဘန်ကောက်ပို့စ်သတင်းမှာ ရေးပါတယ်။ ဧရာဝဏ် နတ်ကွန်းနဲ့ ရပ်ချပ်ဒမ်ရီ မိုးပျံရထား ဘူတာကြားက လမ်းမှာ စောင့်နေစဉ် ကျယ်လောင်တဲ့အသံကို ကြားရပြီး ထရန်ဖော်မာ ပေါက်ကွဲတယ်လို့ ထင်တဲ့အကြောင်း တုပ်တုပ်သမားက ပြောပါတယ်။ ဒီနောက် ၃ မိနစ်နဲ့ ၅ မိနစ်အကြာမှာ နိုင်ငံခြားသားတဦးက ဆွဲထားပြီးသား မြေပုံနဲ့ လုံပနီ ဥယျာဉ်လို့ အင်္ဂလိပ်လို ရေးထားတဲ့ စာရွက်ကို ပြပြီး ဒီနေရာကို ဘတ် ၃၀ နဲ့ ပို့ပေးဖို့ သဘောတူခဲ့တယ်လို့ ဆိုပါတယ်။ ရပ်ချပ်ဒမ်ရီကို ခေါ်သွားတဲ့အခါမှာတော့ ဖုန်းနဲ့စကားပြောတာကို ကြားရပြီး အသုံးပြုနေတာက အင်္ဂလိပ်ဘာသာမဟုတ်ဘူးလို့ တက္ကဆီသမားက ပြောပါတယ်။ အ၀င်ဖုန်းကို ဖြေနေတာလား သူက ဖုန်းခေါ်တာလားဆိုတာကတော့ မသိဘူးလို့ သူက ဆိုပါတယ်။ 1170604ဒီနောက် ပန်းခြံအ၀င် ကားရပ်တဲ့နေရာမှာ သံသယရှိသူကို ချထားပြီး နိုင်ငံခြားသားက ဘတ် ၃၀ ပေးခဲ့တယ်လို့ ဆိုပါတယ်။ သံသယရှိသူက အသားဖြူ အရပ်ရှည်ပြီး ချွန်တဲ့ မေးရိုးရှိတယ်လို့ ဆိုပါတယ်။ အရပ်ကတော့ ၁၇၀ စင်တီမီတာ ရှည်တယ်လို့လည်း တက္ကစီသမားက ခန့်မှန်းပါတယ်။ တုပ်တုပ်ပေါ်က ဆင်းသွားပြီးတဲ့နောက် ပန်းခြံထဲ ၀င်သွားသလား တခြားနေရာကို ထွက်သွားသလား ဆိုတာကိုတော့ သတိမထားမိဘူးလို့ ပြောပါတယ်။ 1170600ထိုင်းရဲတပ်ဖွဲ့က သံသယရှိတဲ့သူကို တင်ဆောင်သွားတဲ့ တုပ်တုပ်သမားတွေကို ဘတ် ၃၀၀၀၀ ပေးမယ်လို့ ကြေညာအပြီး အခုလို ထွက်ဆိုတာ ဖြစ်ပါတယ်။.

A d v e r t i s e m e n t With Us

More News
Up