အဲလက်စ်ဆောင်း ကို ၀က်စ်ဟမ်း အပြီးသတ် စာချုပ်ခေါ်ယူ

1.1K
ပြီးခဲ့တဲ့ရာသီ ဘာစီလိုနာကနေ ၀က်စ်ဟမ်းကို အငှားနဲ့ လာကစားတဲ့ ကွင်းလယ်လူ အဲလက်စ် ဆောင်းကို ၀က်စ်ဟမ်းက ခေါ်ယူလိုက်ပြီ ဖြစ်ပါတယ်။
၃ နှစ်သက်တမ်းစာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပြီး ပြောင်းရွှေ့ကြေးကိုတော့ ထုတ်ဖော်ကြေညာတာ မရှိပါဘူး။
၂၇ နှစ်အရွယ် ကင်မရွန်းလက်ရွေးစင် ဆောင်းဟာ အငှားကစားသမားဘ၀နဲ့ ၀က်စ်ဟမ်းအတွက် ၃၁ ပွဲ ကစားပေးထားသူ ဖြစ်ပါတယ်။
သူဟာ ၂၀၀၅ ကနေ ၂၀၁၂ အထိ အာဆင်နယ်မှာ ကစားခဲ့ပြီး ပေါင် ၁၅ သန်းနဲ့ ဘာစီလိုနာကို ပြောင်းရွှေ့ခဲ့သူ ဖြစ်ပါတယ်။
ဘာစီလိုနာမှာ ၃၉ ပွဲကစား ၁ ဂိုးသွင်းပေးခဲ့ပြီး ၂၀၁၄ မှာ ၀က်စ်ဟမ်းကို အငှားနဲ့ ရောက်လာတာ ဖြစ်ပါတယ်။
လတ်တလောမှာတော့ သူ့ရဲ့ကြံ့ခိုင်မှုနဲ့ ဒဏ်ရာတွေအတွက် ဆေးစစ်ချက်ကို စောင့်နေဆဲဖြစ်ပြီး ၂ ပတ်လောက်တော့ အနားယူရဖွယ် ရှိနေပါတယ်။