A d v e r t i s e m e n t With Us

တောင်နှင့်မြောက်ကိုရီးယား အပြန်အလှန်ပစ်ခတ်၊ ဒေသခံများကို အရေးပေါ်ပြောင်းရွှေ့ (ရုပ်သံ)

တောင်နဲ့ မြောက်ကိုရီးယားတပ်ဖွဲ့တွေ နိုင်ငံအနောက်ပိုင်းနယ်စပ်မှာ သြဂုတ် ၂၀ ရက် ညနေပိုင်းက လက်နက်ကြီး အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တာကြာင့် တောင်ကိုရီးယားဒေသခံ ၈၀ လောက် ဘေးကင်းရာကို အရေးပေါ် ပြောင်းရွှေ့ပေးခဲ့ရပါတယ်။ မြောက်ကိုရီးယားက တောင်ကိုရီးယားစစ်တပ်ကို အရင်လှမ်းပစ်လို့ တောင်ကိုရီးယားကလည်း တုံ့ပြန်ပစ်ခတ်ခဲ့တယ်လို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။ တောင်ကိုရီးယား အမျိုးသားလုံခြုံရေးကောင်စီရဲ့ အရေးပေါ်အစည်းအဝေးလည်း မကြာခင် ကျင်းပဖို့ရှိပါတယ်။ တောင်ကိုရီးယား ဒေသစံတော်ချိန် ညနေ ၄ နာရီလောက်မှာ တောင်ကိုရီးယားနိုင်ငံရဲ့ ၀ါဒဖြန့်ချိရေး လော်စပီကာကြီးတွေကို မြောက်ကိုရီးယားစစ်တပ်က လှမ်းပစ်တာ ဖြစ်နိုင်တယ်လို့ ဒေသခံ သတင်းတွေက ဆိုပါတယ်။ ဒါကြောင့် တောင်ကိုရီးယားနိုင်ငံကလည်း ၁၅၅ မမ လက်နက်ကြီးတွေနဲ့ အတွဲလိုက် ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။ လက်ရှိအချိန်အထိတော့ နှစ်ဘက် ထိခိုက်သေဆုံးမှုစာရင်း မရရှိသေးပါဘူး။ ဒီပစ်ခတ်မှုမဖြစ်ခင် ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေအတွင်း တောင်နဲ့ မြောက်ကိုရီးယားတို့ နယ်စပ်တင်းမာမှုတွေ ဖြစ်နေတာပါ။ အခုလဆန်းပိုင်းကလည်း တောင်ကိုရီးယား နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေ ကင်းလှည့်ရင်း မြောက်ကိုရီးယားက ထောင်တဲ့ မြေမြှုပ်မိုင်း နင်းမိပေါက်ကွဲလို့ တောင်ကိုရီးယား တပ်ဖွဲ့ဝင်နှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တာပါ။ အဲ့ဒီပေါက်ကွဲမှုဖြစ်ပြီးနောက်ပိုင်း တဘက်နဲ့တဘက် အသံချဲ့စက်ကြီးတွေနဲ့ အပြန်အလှန် ပြစ်တင်ဝါဒဖြန့်၊ ပုတ်ခတ်ဝေဖန်လာကြတာပါ။ ဒီအသံချဲ့စက်တွေနဲ့ တဘက်နဲ့တဘတ် ပုတ်ခတ်မှုတွေကို ၂၀၀၄ ခုနှစ်ကတည်းက ရပ်ဆိုင်းထားတာပါ။ သြဂုတ် ၁၇ ရက်နေ့ကလည်း အမေရိကန်နဲ့ တောင်ကိုရီးယား တပ်ဖွဲ့ဝင်တွေ နှစ်စဉ်ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့ကြပြီး အဲဒီလုပ်ရပ်ကို မြောက်ကိုရီးယားနိုင်ငံက ကျူးကျော်ရန်စမှုလို့ သတ်မှတ်ထားတာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up