ကိုယ်လုံးတီး ဓာတ်ပုံရိုက်ပြီး တိရစ္ဆာန်အခွင့်အရေး လှုပ်ရှား

2.1K
အရင် ၂ ပတ်က ဗြိတိန်က တိရစ္ဆာန် ချစ်သူတွေက မြင်းဘေးမှာ ကိုယ်လုံးတီး ဓာတ်ပုံရိုက်ပြီး လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်ပေါ်မှာ တင်ခဲ့ကြပါတယ်။
တကယ်တော့ တိရစ္ဆာန်ဘေးရောက်ရင် ကားကို သတိထားမောင်းဖို့ လူတွေကို တိုက်တွန်းတဲ့ လှုပ်ရှားမှုတခုအဖြစ် ဒီလို လုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။
အမေရိကနပြည်ထောင်စု နယူးဂျာစီပြည်နယ်က လော်ရာ ဂရာချီက ဖေ့စ်ဘွတ်ခ် စာမျက်နှာ Slow Down For My Horse Campaign (ကျနော့်မြင်းအတွက် အရှိန် လျှော့ချပေးရေး လှုပ်ရှားမှု) ဖွင့်ပြီး လှုပ်ရှားမှုအဖြစ် စတင်ခဲ့တာ ဖြစ်ပါတယ်။
အရှိန်နဲ့ မောင်းလာတဲ့ ကားတွေ ဖြတ်သန်းသွားတိုင်း အသက် ၁၉ နှစ်အရွယ် လော်ရာရဲ့ မြင်း စတားလိုက်က လန့်လန့်သွားတဲ့အတွက် ဒီလျှုပ်ရှားမှုကို စတင်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
“မြင်းစီးတဲ့သူတွေနဲ့ မြင်းတွေက ကားတိုက်မှုကြောင့် သေဆုံးသွားတဲ့ သတင်းတွေကို မြင်နေရတယ်” လို့ သူက ပြောပါတယ်။
လော်ရာကိုယ်တိုင်ကလည်း ကိုယ်လုံးတီးနဲ့ သူ့ရဲ့မြင်းနဲ့အတူ သြဂုတ် ၄ ရက်က ဓာတ်ပုံရိုက်ပြီး ဖေ့စ်ဘွတ်ခ်ပေါ် တင်ခဲ့ပါတယ်။
အမျိုးသား အမျိုးသမီး အပါအ၀င် လူ ၁၀၀ နီးပါးကလည်း လှုပ်ရှားမှုကို ထောက်ခံတဲ့ အနေနဲ့ ကိုယ်လုံးတီး ဓာတ်ပုံရိုက်တင်ခဲ့ပါတယ်။
လက်ရှိ ဒီဖေ့စ်ဘွတ်ခ်စာမျက်နှာကို ကြိုက်နှစ်သက်သူ ၂ သောင်းကျော်သွားပြီ ဖြစ်ပါတယ်။