အာဂျင်တီးနား လက်ရွေးစင် နီကိုလပ်စ် အိုတာမန်ဒီ မန်စီးတီး ရောက်

မန်စီးတီးနှင့် စာချုပ် ချုပ်ဆိုနေသည့် အိုတာမန်ဒီ(ယာ)။ (ဓာတ်ပုံ - mcfc)
1.4K
အင်္ဂလန် ပရီးမီးယားလိဂ်ကလပ် မန်စီးတီးက အာဂျင်တီးနား လက်ရွေးစင် နီကိုလပ်စ် အိုတာမန်ဒီကို ၅ နှစ် စာချုပ်နဲ့ လက်မှတ်ထိုး ခေါ်ယူလိုက်ပါတယ်။
အိုတာမန်ဒီက ကျောနံပါတ် ၃၀ ကို ၀တ်ဆင်ပြီး ကစားမှာ ဖြစ်တယ်လို့ မန်စီးတီး ကလပ်က ထုတ်ပြန်ပါတယ်။
အိုတာမန်ဒီဟာ စပိန်ကလပ် ဗလင်စီယာကနေ ပြောင်းရွှေ့လာတာဖြစ်ပြီး အကောင်းဆုံး နောက်ခံ အလယ်လူတဦးအဖြစ် အသိအမှတ်ပြုထားတာ ဖြစ်ပါတယ်။
အကောင်းဆုံးတွေကိုပေးဖို့ ဒီနေရာကို ရောက်လာတာဖြစ်ပြီး ဖလားတွေ ရနိုင်မယ်လို့ ဆန္ဒရှိတယ်လို့ အိုတာမန်ဒီက ပြောပါတယ်။
မန်ချက်စတာယူနိုက်တက် အသင်းကလည်း အိုတာမန်ဒီကို ပစ်မှတ်ထားခဲ့ပေမယ့် အိုတာမန်ဒီက ပေါင် ၃၁ ဒသမ ၇ သန်းနဲ့ မန်စီးတီးကို ရောက်ရှိသွားတာ ဖြစ်ပါတယ်။