Home
အထွေထွေ
ခေါင်းစဉ် မှားယွင်းမှုကြောင့် သြဂုတ် ၁၈ ထုတ် ချင်းမိုင်သတင်းစာ ပြန်သိမ်းရန် တောင်းဆို
DVB
·
August 20, 2015
“အမေအတွက် စက်ဘီးစီးခြင်း” ဆိုတဲ့ လှုပ်ရှားမှုနဲ့ ပတ်သက်ပြီး ခေါင်းစီး အမှားအယွင်းကြောင့် သြဂုတ် ၁၈ ရက် ထိုင်းဘာသာနဲ့ ထုတ်ဝေတဲ့ ချင်းမိုင် သတင်းစာတွေကို ပြန်သိမ်းဖို့ ထိုင်းတာဝန်ရှိသူတွေက တောင်းဆိုလိုက်ပါတယ်။ ထိုင်းဘုရင်မကြီးရဲ့ ၈၃ နှစ်မြောက် မွေးနေ့ အထိမ်းအမှတ်အဖြစ် ကျင်းပတဲ့ ဒီလှုပ်ရှားမှုကို ထိုင်းနိုင်ငံတ၀န်းက ပါဝင်ဆင်နွှဲခဲ့ပြီး ကမ္ဘာ့မှတ်တမ်း ဂင်းနစ် စံချိန်ကို တင်နိုင်ခဲ့ပါတယ်။ ခေါင်းစီးအမှားအယွင်းအတွက် ချင်းမိုင် မြို့တော်ဝန်နဲ့ သက်ဆိုင်ရာ အဖွဲ့တွေ တွေ့ပြီး စုံစမ်း မေးမြန်းတာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဘန်ကောက်ပိုစ် သတင်းမှာ ရေးပါတယ်။ ခေါင်းစဉ် အမှားအယွင်းနဲ့ ပတ်သက်ပြီးတော့ သတင်းမှာတော့ ဖော်ပြထားခြင်း မရှိပေမယ့် မသင့်တော် မှားယွင်းတဲ့ ခေါင်းစဉ်လို့တော့ ရေးသားထားပါတယ်။ ချင်းမိုင် သတင်းစာက အယ်ဒီတာတွေ၊ တပ်ရင်း ၃၃ က တပ်မှူးတွေနဲ့ ချင်းမိုင် မြို့တော်ဝန်တို့လည်း သြဂုတ် ၁၉ ရက်က တွေ့ဆုံခဲ့ပါတယ်။ အမှားအယွင်းက ရည်ရွယ်ချက်မရှိဘဲ ဂရုမစိုက်လို့ စကားလုံးတွေကို စီရာမှာ မှားသွားတဲ့ အမှားအယွင်း ဖြစ်ကြောင်း အာဏာပိုင်တွေက တွေ့ရှိခဲ့ရတယ်လို့ အစိုးရ ပြောခွင့်ရက ပြောပါတယ်။ သတင်းက စာသားတွေကတော့ တခြား မီဒီယာတွေလို လှုပ်ရှားမှုကို ထောက်ခံ ချီးကျူးပြောဆိုထားတယ်လို့ ဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024