A d v e r t i s e m e n t With Us

မက္ကဆီကို နိုင်ငံ ကာဂျစ်တီလန်ကန်အတွင်း ငါးကောင်ရေ တန်ချီသေဆုံး

ဓာတ်ပုံ - အေအက်ဖ်ပီ
မက္ကဆီကိုနိုင်ငံ၊ ကာဂျစ်တီလန်ကန်ဘေး ကမ်းခြေတလျှောက်  ပိုပရှေးရေချိုငါး တန်ချိန် ၄၀ ထက်မနည်း သောင်တင်သေဆုံးခဲ့တယ်လို့ နိုင်ငံတွင်း သတင်းမီဒီယာတွေ သတင်းထုတ်ပြန်ချက်ကို ကိုးကားပြီး ဘီဘီစီ သတင်းစာမျက်နှာမှာ ဖော်ပြပါတယ်။ ဒေသခံအာဏာပိုင်တဦးက ဒါဟာ နှစ်တိုင်းဖြစ်နေကျ သဘာဝစက်ဝန်းအတိုင်း သေဆုံးမှုဖြစ်တယ်လို့ ပြောပါတယ်။ ဒါပေမယ့် တခြားပြည်နယ်နဲ့ ဒေသတွင်း အာဏာပိုင်တွေကတော့ အဲဒီကန်ကို ထိန်းသိမ်းစောင့်ရှောက်မှု ညံ့ဖျင်းတဲ့အတွက် ငါးတွေ အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရတာလို့ ပြစ်တင်ဝေဖန်ကြပါတယ်။ သက်ဆိုင်ရာ တာဝန်ရှိသူတွေက ကန်အတွင်းက ရေဆိုးရေညစ် ပြန်လည်ကုစားမှု ပျက်ကွက်ရခြင်းနဲ့ ရေထဲက အောက်ဆီဂျင်ပမာဏ လျော့နည်းခြင်းတွေကို လေ့လာဆန်းစစ်နေကြပါတယ်။ ပြီးခဲ့တဲ့နှစ်က ကာဂျစ်တီလန်ကန်ထဲက ငါးအသေတန်ချိန် ၂၀၀ လောက်ကို ငါးဖမ်းသမားတွေက ရရှိခဲ့ကြပြီး ဒီနှစ်မှာတော့ ငါးဖမ်းသမားဦးရေ ၁၀၀ ထက်မနည်း ဒီဖြစ်စဉ်မှာ ပါဝင်ခဲ့ကြတာပါ။ ဒါပေမယ့် ဒေသတွင်း ပြောရေးဆိုခွင့်ရှိသူ အစ်စမာရယ်ဒယ်တိုရိုက နှစ်စဉ်နှစ်တိုင်း မိုးရာသီမှာ ပိုပရှေးရေချိုငါးတွေ သေဆုံးနေတာဖြစ်တယ်လို့ ပြောပါတယ်။ “ဒါက နှစ်တိုင်းဖြစ်နေကျ သဘာဝအတိုင်း သေဆုံးတာပါ။ တခြားသတ္တ၀ါမျိုးစိတ်တွေကို  ထိခိုက်တာမျိုး မရှိပါဘူး။” တခြားပြောရေးဆိုခွင့်ရှိသူ တဦးဖြစ်တဲ့ အဲရစ်ခ်တာပီယာကတော့ ဒီရေချိုငါးတွေ သေဆုံးတာဟာ လူနေထူထပ်သိပ်သည်းမှု များလွန်းတဲ့အတွက်ကြောင့် ဖြစ်တယ်လို့ အကြံပြုပြောဆိုပါတယ်။ “သူတို့ကို အစုလိုက်အပြုံလိုက် ဖမ်းဆီးသတ်ဖြတ်ပြီး ခေါင်းပုံဖြတ် အမြတ်ကြီးစားတဲ့သူတွေ မရှိပါဘူး။ ဒီငါးတွေကို လူတွေစားသုံးဖို့လည်း မသင့်တော်ပါဘူး။”

A d v e r t i s e m e n t With Us

More News
Up