ရုရှားသမ္မတ ရေငုပ်သင်္ဘောစီးပြီး နစ်မြုပ်သင်္ဘော သွားကြည့် (ရုပ်သံ)

ခရိုင်းမီးယားရှိ ပင်လယ်နက်ထဲမှာ မြုပ်နေတဲ့ သဘောင်္ပျက်ကို ရေငုပ်သင်္ဘောစီးပြီး ရုရှားသမ္မတ ဗလာဒီမာ ပူတင်က သွားရောက်ကြည့်ရှုခဲ့ပါတယ်။ ၁၁ ရာစုလောက်က နစ်မြုပ်နေတဲ့ သင်္ဘောကို သြဂုတ် ၁၈ ရက်က အသေးစား ရေငုပ်သင်္ဘော စီးနင်းပြီး သွားရောက်ကြည့်ရှုခဲ့တာ ဖြစ်ပါတယ်။ ပေ ၂၀၀ အနက်ကို မိနစ် ၃၀ ကျော်ကြာ လိုက်ပါ စီးနင်းသွားတာလည်း ဖြစ်ပါတယ်။ "အရမ်းကို ရိုးရှင်းပါတယ်။ အဲဒီနေရာမှာ စိတ်ဝင်စားစရာကောင်းတဲ့ အရာတွေ အများကြီးပါ။ ကြီးမားတဲ့ ပစ္စည်းတွေ အများကြီးရှိပါတယ်။ သင်္ဘောအပျက်အစီးတွေကိုလည်း ကောင်းကောင်းမြင်နိုင်ပါတယ်။ ကျွမ်းကျင်သူတွေက အလုပ်တွေ အများကြီးလုပ်ဖို့ လိုတယ်လို့ ပြောပါတယ်” လို့ ပူတင်က ရေဒီယိုကနေ တဆင့် ကုန်းပေါ်က လူတွေကို ပြောပါတယ်။ ပူတင်ရဲ့ ရေငုပ်သင်္ဘော လိုက်ပါစီးနင်းတာကို လက်ထောက် ၀န်ကြီးချုပ်၊ ကာကွယ်ရေးဝန်ကြီး၊ လွှတ်တော် ပြောခွင့်ရတွေက လာရောက်ကြည့်ရှုခဲ့တာ ဖြစ်ပါတယ်။ ပင်လယ်နက်အတွင်းမှာ ဒုတိယအကြိမ်မြောက် ပူတင်က ရေအောက် ဆင်းကြည့်ခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်တုန်းကလည်း ရေငုပ်ကိရိယာ အပြည့်အစုံနဲ့ ရုရှားတောင်ပိုင်းက ကမ်းခြေမှာ ရေအောက်ဆင်းခဲ့ဖူးပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up