ဘန်ကောက်ဗုံးကွဲမှု သတင်းပေးသူ ဘတ် ၂ သန်းပေးမည်ဟု ရှပ်နီခေါင်းဆောင် ပြော

ဓာတ်ပုံ - ရိုက်တာ
ထိုင်းအစိုးရအတိုက်အခံ ရှပ်နီပါတီခေါင်းဆောင်က သြဂုတ် ၁၇ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ ဘန်ကောက်မြို့လယ်၊ ဧရာဝဏ်နတ်ကွန်းအနီးက ဗုံးပေါက်ကွဲမှု သတင်းအချက်အလက် ပေးနိုင်သူကို ဘတ်ငွေ ၂ သန်း ဆုချမယ်လို့ ပြောပါတယ်။ ထိုင်းရဲတပ်ဖွဲ့ကလည်း တရားခံဖမ်းဆီးရမိဖို့ ဘတ်ငွေ ၁ သန်း ဆုချမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ အာဏာရှင်ဆန့်ကျင်ရေး ဒီမိုကရေစီရှေ့ဆောင်တပ်ပေါင်းစု (ယူဒီဒီ) ခေါင်းဆောင် ဆွန်ဝမ် အက်ဆရာဆီဟာ ယခင်ကုန်သွယ်ရေးဝန်ကြီးဟောင်း နတ်တ၀ပ်ဆိုင်ကူရာရဲ့ အတွင်းရေးမှူးဖြစ်ခဲ့ပြီး လျှပ်စစ်ပစ္စည်းထုတ်လုပ်ရေး ကုမ္ပဏီတခုကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ ဆိုးဆိုးရွားရွား ထိခိုက်ခဲ့တဲ့ ဒီဗုံးပေါက်ကွဲမှုအတွက် ဆုငွေထုတ်ပြန်တာဖြစ်ပြီး သတင်းပေးနိုင်တဲ့သူကို သူကိုယ်တိုင်ဆုချီးမြှင့်မယ်လို့ ဘန်ကောက်ပို့စ်သတင်းစာကို အခုလို ပြောဆိုလိုက်တာပါ။

More News
Up