A d v e r t i s e m e n t With Us

စည်းကြပ်ဒိုင်ကို မဆဲဆိုခဲ့ဟု ပီကေး ပြော

ဓာတ်ပုံ - ရိုက်တာ
ဘီလ်ဘာအိုနဲ့ ကစားခဲ့တဲ့ပွဲမှာ တိုက်ရိုက်အနီကတ်နဲ့ ထွက်ခဲ့ရတဲ့  ဘာစီလိုနာ နောက်ခံလူ ပီကေးက စည်းကြပ်ဒိုင်ကို ဆဲဆိုခဲ့တာ မရှိကြောင်းနဲ့ အထုတ်ခံခဲ့ရတဲ့အတွက် တောင်းပန်ကြောင်း ပြောဆိုလိုက်ပါတယ်။ ဘာစီလိုနာအသင်းက သူ့ရဲ့  အနီကတ်အတွက် အယူခံဝင်ထားပါတယ်။ သူအထုတ်ခံရချန်မှာ ကွင်းဘေးက စည်းကြပ်ဒိုင်ကို ဆဲဆိုခဲ့တဲ့  စွပ်စွဲချက်တွေကိုလည်း ပီကေးက ငြင်းဆိုခဲ့ပါတယ်။ ဒိုင်လူကြီးရဲ့ အစီရင်ခံစာကို စစ်ဆေးနေပြီး အမှန်တကယ် ကျူးလွန်ခဲ့တယ်ဆိုရင်တော့  ၄ ပွဲကနေ  ၁၂ ပွဲအထိ ပွဲပယ်ခံရမှာ ဖြစ်ပါတယ်။ ပီကေးဟာ ဘီလ်ဘာအိုနဲ့ ကစားခဲ့တဲ့ စပိန်စူပါဖလား ဒုတိယအကျော့ပွဲရဲ့ ဒုတိယပိုင်းမှာ တိုက်ရိုက်အနီကတ်နဲ့ အထုတ်ခံခဲ့ရတာ ဖြစ်ပါတယ်။ အဲဒီပွဲမှာ ၁ ဂိုးစီသရေကျခဲ့ပြီး နှစ်ကျော့ပေါင်း ၅ ဂိုး ၁ ဂိုးနဲ့ ရှုံးခဲ့လို့ ဘာစီလိုနာဟာ စပိန် စူပါဖလားရရှိရေး မျှော်လင့်ချက် ပျက်ပြားခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up