ဝါရှင်တန်ပြည်နယ်တွင် ဓာတ်ငွေ့ပေါက်ကွဲ (ရုပ်သံ)

1.9K
အမေရိကန်နိုင်ငံ ဝါရှင်တန်ပြည်နယ် ဘရီမာတွန်မြို့က မိုတယ်ဆစ်ခ်မှာ သြဂုတ် ၁၈ ရက်ညက ဓာတ်ငွေ့ပေါက်ကွဲမှုကြောင့် လူ ၁ ဦး ဒဏ်ရာရသွားပါတယ်။
ဒဏ်ရာရသူဟာ ဝမ်းဂက်စ်ကုမ္ပဏီ ဝန်ထမ်းဖြစ်ပြီး စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေလို့ သူ့ကို ဆီယက်တယ်မြို့ ဆေးရုံဆီ လွှဲပေးထားရတယ်လို့ ဘရီမာတွန်ရဲက ပြောပါတယ်။
ပေါက်ကွဲမှုမဖြစ်ခင် ဓာတ်ငွေ့ယိုစိမ့်မှု ၁ နာရီလောက် ဖြစ်ခဲ့တယ်လို့ အစီရင်ခံစာတွေက ဆိုကြောင်း ရဲကပြောပါတယ်။
မိုတယ်ဝန်ထမ်းတွေကို ပေါက်ကွဲမှု မဖြစ်ခင် အဆောက်အဦကနေ ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ပြီးပါပြီ။
တာဝန်ကျ မန်နေဂျာက ဒဏ်ရာရသူများမှာကို ရှောင်ဖို့ ဘေးလွတ်ရာ ရွှေ့ပြောင်းရေး အချက်ပေးခဲ့တယ်လို့ ပြောပါတယ်။
မိုတယ်ထဲမှာ တယောက်ယောက် ကျန်နေဆဲလားဆိုတာ မသိရသေးဘူးလို့ ရဲက အစီရင်ခံပါတယ်။
အခင်းဖြစ်ရာကို မီးငြှိမ်းသတ်ဖို့ လာခဲ့တဲ့ မီးသတ်သမားတွေလည်း ပေါက်ကွဲမှုကြောင့် ပေ ၂၀ လောက်ထိ နောက်ကို လွင့်ထွက်ခဲ့ပါတယ်။
ပေါက်ကွဲ မီးလောင်မှုကြောင့် အဆောက်အဦ ဘေးဘက် ပြိုကျပျက်စီးပုံကို ရုပ်သံတွေက ပြသထားပါတယ်။