အင်တာ အလယ်တန်းလူကို ရီးရဲလ်ခေါ်ယူ

2.2K
စပိန်လာလီဂါက ရီးရဲလ်မက်ဒရစ်ကလပ်အသင်းက အီတလီ စီးရီးအေ အလယ်တန်းလူ မက်တီယို ကိုဗစ်ချစ်ကို လက်မှတ်ထိုးခေါ်ယူလိုက်ပါတယ်။
အသက် ၂၁ နှစ် ခရိုအေးရှား အလယ်တန်းလူကို ၆ နှစ်စာချုပ်နဲ့ ခေါ်ယူလိုက်တာ ဖြစ်ပါတယ်။
ကိုဗစ်ချစ်ဟာ နိုင်ငံအတွက် ၂၁ ကြိမ် ပါဝင်ကစားထားသလို ရီးရဲလ်မှာ တနိုင်ငံတည်း ကစားသမား လူကာ မိုဒရစ်နဲ့ အတူ လက်တွဲနိုင်မှာ ဖြစ်ပါတယ်။
၂၀၁၃ ခုနှစ် ဒိုင်နမိုဇာဂရက်ကနေ အင်တာကို ရောက်လာတဲ့ ကိုဗစ်ချစ်ဟာ ၉၇ ပွဲမှာ ၈ ဂိုးသွင်းယူထားပြီး တခြားသူတွေ ဂိုးသွင်းနိုင်အောင် ၁၁ ကြိမ် ကူညီထားပါတယ်။