လက်နက်ထိန်းချုပ်ရေး ကြိုးပမ်းမည်ဟု ဟီလာရီ ပြော

ဓာတ်ပုံ - ရိုက်တာ
အမေရိကန် ဒီမိုကရက်ပါတီရဲ့ သမ္မတလောင်းအဖြစ် ထိပ်ဆုံးက ပြေးနေတဲ့ ဟီလာရီ ကလင်တန်က သူအိမ်ဖြူတော်ကို ရောက်သွားရင် လက်နက်ထိန်းချုပ်ရေးအတွက် ကြိုးပမ်းသွားမယ်လို့ သြဂုတ် ၁၈ ရက်နေ့က မဲဆွယ်ပွဲမှာ ပြောကြားလိုက်ပါတယ်။ လက်စ်ဗီးဂတ်စ်မြို့က ထောက်ခံသူတွေကို မိန့်ခွန်းပြောကြားရာမှာ ဟီလာရီက လက်နက်ထိန်းချုပ်ရေးအတွက် ပိုပြီး ဘက်မျှတဲ့ ဥပဒေကို သူ့အနေနဲ့ ထောက်ခံသလို၊ အမေရိကန် ပြည်ထောင်စုမှာ လက်နက်သုံးပြီး အကြမ်းဖက်မှု ဖြစ်နေတာတွေကို ကိုင်တွယ် ဖြေရှင်းသွားမယ်လို့ ထပ်လောင်း ကတိပြုလိုက်ပါတယ်။ “ဒီပြဿ နာကို ရင်ဆိုင်ဖြေရှင်းဖို့အတွက် ဘာမဆို လုပ်သွားမယ်။ ဘာကိုမှ ကြောက်လန့်နေမှာ မဟုတ်ဘူး” လို့ ပြောပါတယ်။ လက်ရှိ ဖြစ်နေတဲ့ ပြဿ     နာတွေဟာ တရှိန်ထိုး တလမ်းသွားဖြစ်နေပြီး ထိန်းချုပ်ရမယ့် အချိန်ရောက်နေပြီလို့ ဆိုပါတယ်။ ဟီလာရီရဲ့ မိန့်ခွန်းကို နားထောင်နေသူတွေထဲမှာ ကောလိပ်ကျောင်းသားတွေနဲ့ အာဖရိက နွယ်ဖွား အမေရိကန်တွေလည်း ပါဝင်ပါတယ်။ ဒီမိုကရက် အစိုးရလက်ထက်မှာ လက်နက်ထိန်းချုပ်ရေး ဥပဒေကို ထိထိရောက်ရောက်မပြဋ္ဌာန်းနိုင်တဲ့ ကိစ္စ၊ အစုလိုက်အပြုံလိုက် သေဆုံးရတဲ့ သေနတ်ပစ်ခတ်မှုတွေ ပေါ်ပေါက်နေတဲ့ကိစ္စတွေအတွက် ပြည်သူတွေကြားမှာ အားမလို အားမရ ဖြစ်နေချိန်မှာ ဟီလာရီနဲ့ ဒီမိုကရက်တွေက ဒီကိစ္စကို ဖြေရှင်းပေးမယ်ဆိုပြီး မတူကွဲပြားတဲ့ လူမျိုးစုံပြည်သူကို စည်းရုံးနေတာပါ။ တဘက်မှာ ဒီနှစ်တွေ အတွင်း ရီပတ်ဘလစ်ကန်တွေက  တနိုင်ငံလုံးမှာ လက်နက် ထိန်းချုပ်ရေး ဖြေလျှော့တဲ့ စည်းကမ်းတွေကို အောင်အောင်မြင်မြင်ပဲ ဖော်ဆောင်နိုင်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up