ထိုင်းဗုံးကွဲမှု သံသယဖြစ်ခံရသည့် သြစတြေးလျ မော်ဒယ် ရဲစခန်းတွင် ရှင်းလင်း

စီစီတီဗွီက ရိုက်ကူးထားသည့် သံသယရှိသူ အင်္ကျီအ၀ါ (၀ဲ) င့် ဆန်နီဘန်း ရဲစခန်းတွင် ရှင်းလင်းနေပုံ (ယာ)
စီစီတီဗွီရုပ်သံက ဘန်ကောက်ဗုံးခွဲမှုမှာ သံသယရှိသူဟာ သူဖြစ်တယ်ဆိုတဲ့ ကောလာဟလဖြန့်ဝေသူကို ထိုင်းနိုင်ငံ ဘန်ကောက်မှာ နေထိုင်နေတဲ့ သြစတြေးလျ မော်ဒယ်နဲ့ သရုပ်ဆောင် ဆန်နီဘန်းက ပြစ်တင်လိုက်ပါတယ်။ လူ ၂၂ ဦးသေဆုံးခဲ့တဲ့ ဘန်ကောက် ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး စီစီတီဗွီ ရုပ်သံထဲက သံသယရှိသူလို ယူဆထားတဲ့ အ၀ါရောင် ၀တ်ဆင်ထားတဲ့ လူတဦးကို ထိုင်း ရဲတပ်ဖွဲ့တွေက အပြင်းအထန် ရှာဖွေနေပါတယ်။ ဒီအ၀ါရောင် ၀တ်စုံနဲ့လူဟာ ဆန်နီဘန်း ဖြစ်တယ်လို့ စွပ်စွဲချက်တွေက လူမှုရေးကွန်ရက်မှာ ပျံ့နှံ့လာပြီးတဲ့နောက် ဆန်နီဘန်းက  ရဲတပ်ဖွဲ့ထံသွားရောက်ပြီး ဖြေရှင်းခဲ့တာ ဖြစ်ပါတယ်။ “ကျနော်က အကြမ်းဖက်သမား မဟုတ်ပါဘူး။ ဓာတ်ပုံထဲက အကြမ်းဖက်သမားက ကျနော်နဲ့ မတူပါဘူး။ ကျနော် အဲဒီလို အ၀တ်အစား ဘယ်တုန်းကမှ မ၀တ်ခဲ့ဖူးပါဘူး၊ ကျနော်က ဖက်ရှင် ဘလောဂ်သမား တဦးဖြစ်ပါတယ်” လို့ သူက လူမှုရေးကွန်ရက် ဖေ့စ်ဘွတ်ခ်မှာ ရေးသားခဲ့ပါတယ်။ ဘာတွေဖြစ်နေသလဲဆိုတာ မသိသလို ရဲတပ်ဖွဲ့က သူကို စောင့်ရှောက်ပေးထားတယ်လို့ ဆိုပါတယ်။ ထိုင်းရဲတပ်ဖွဲ့ကလည်း သူကို ၆ နာရီကြာခေါ်ယူထားပြီး တိုက်ခိုက်ခံရတဲ့ အချိန်မှာ ရောက်နေတဲ့နေရာနဲ့ သြစတြေးလျကနေထိုင်တဲ့ လိပ်စာတွေကို မေးတယ်လို့ သူက ပြောပါတယ်။ ဒါအပြင် ရဲတပ်ဖွဲ့ကလည်း သူအိမ်ကို သွားရောက် ရှာဖွေခဲ့သလို လူမှုကွန်ရက်ကြောင့် ဒီဖြစ်ရပ်က ကြီးထွားလာတယ်လို့ ဆိုပါတယ်။ ထိုင်းရဲတပ်ဖွဲ့အကြီးအကဲကတော့ ဗုံးဖောက်ခွဲတဲ့ တရားခံဟာ ထိုင်းနဲ့ နိုင်ငံခြားသား ဖြစ်နိုင်တယ်လို့ ပြောဆိုခဲ့ပါတယ်။ ဘန်းဟာ သြစတြေးလျမှာ လူသိနည်းသလို ထိုင်းမှာ ရုပ်သံတွေ ရိုက်ကူးနေတာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up