A d v e r t i s e m e n t With Us

အာဂျင်တီးနားတွင် တန်ဂို စုံတွဲအကပြိုင်ပွဲ စတင်ကျင်းပ (ရုပ်သံ)

အာဂျင်တီးနားနိုင်ငံ ဘေးနော့စ် အဲရီးစ်မြို့မှာ နှစ်စဉ်ကျင်းပတဲ့ တန်ဂို စုံတွဲအကပြိုင်ပွဲကို သြဂုတ် ၁၈ ရက်နေ့မှာ စတင်ဖွင့်လှစ်လိုက်ပါတယ်။ အီတလီကနေလာတဲ့ အကပညာရှင်တယောက်က ပရိသတ်တွေ အများကြီးရှေ့မှာ ကပြခွင့်ရတဲ့အတွက် အတွေ့အကြုံသစ်၊ ခံစားမှုအသစ်ကို ရပြီး ပီတိဖြစ်ရတယ်လို့ ပြောပါတယ်။ ပုံမှန် တန်ဂို စုံတွဲကပွဲတွေမှာ အမျိုးသားတယောက်နဲ့ အမျိုးသမီးတယောက်တို့ တွဲဖက်လေ့ရှိပေမယ့် ဒီနှစ်မှာ အမျိုးသမီး စုံတွဲကလည်း အစဉ်အလာကို ဖောက်ထွက်ပြီး ပြိုင်ပွဲဝင်နေပါတယ်။ ထူးခြားတဲ့ ရသတမျိုးကို ပေးစွမ်းနိုင်မယ်လို့ မျှော်လင့်ကြောင်း ဂျာမနီကလာတဲ့ အကပညာရှင် ရိုစလီနာ ဒဲဖီနာက ပြောပါတယ်။ အာဂျင်တီးနားနိုင်ငံမြို့တော်ဟာ တကမ္ဘာလုံးက တန်ဂို အကသမားတွေ ဆုံစည်းရာ နေရာဖြစ်ပါတယ်။ လွမ်းဆွတ်ဖွယ်ရာ၊ လှိုက်လှဲနှစ်သက်စရာ ကောင်းတဲ့ တန်ဂိုအကဟာလည်း ၁၉ ရာစု အစလောက်က ဘေးနော့စ် အဲရီးစ်မြို့ရဲ့ ဆိပ်ကမ်းတွေမှာပဲ စတင်မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ တန်ဂို အကပွဲတော်နဲ့ ပြိုင်ပွဲကို သြဂုတ်လ ၁၄ ရက်နေ့ကနေ ၂၇ ရက်နေ့အထိ ကျင်းပနေတာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up