မြန်မာ-ဂျပန် ရုပ်သေးဇာတ်သဘင် (သတင်းဓာတ်ပုံ)

မြန်မာ-ဂျပန် ရုပ်သေးဇာတ်သဘင် ပညာဖလှယ်ပွဲ အလုပ်ရုံအစည်းအဝေး သြဂုတ်လ ၁၈ ရက်နေ့က ရန်ကုန်မြို့ ချင်းချောင်နန်းတော် က ယဉ်ကျေးမှူအနုပညာဦးစီးဌာနမှာ ကျင်းပခဲ့ပါတယ်။ ဂျပန်နိုင်ငံကိုယ်စားပြု ရိုးရာအနုပညာတရပ်ဖြစ်တဲ့ ဘွန်းရကု ရုပ်သေးပညာနဲ့ ဖျော်ဖြေခဲ့၊ ဘွန်းရကုကို ၂၀၁၃ ခုနှစ်မှာ ကမ္ဘာ့ဒြပ်မဲ့ သမိုင်းဝင်အမွေအနှစ်အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ မြန်မာဘက်မှ ကြိုးဆွဲရုပ်သေးများဖြင့် ဟိမဝန္တာခန်း၊ ဇော်ဂျီက၊ မြိုင်ထ နှစ်ပါးသွားနှင့် ပြန်လည်တင်ဆက်ခဲ့ပါတယ်။ သတင်းဓာတ်ပုံ - အောင်ကျော်ဇော

More News
Up