အဲဗာတန်နောက်ခံလူ ဂျွန်စတုန်းကို ချဲလ်ဆီး ကမ်းလှမ်းမှု ပယ်ချခံရ
ချဲလ်ဆီး က ပေါင်သန်း ၃၀ နဲ့ အဲဗာတန် နောက်ခံလူ ဂျွန်စတုန်းကို ကမ်းလှမ်းမှုအပေါ် အဲဗာတန်က ပယ်ချလိုက်ပါတယ်။
ချဲလ်ဆီးအသင်းဟာ နောက်တန်းကို အားဖြည့်ဖို့ အပြောင်းအရွှေ့ကာလအစမှာပဲ စတုန်းကို ကမ်းလှမ်းနေခဲ့တာပါ။
အဲဗာတန်နည်းပြ မာတီနက်စ်ကလည်း အသက် ၂၁ နှစ်အရွယ် စတုန်းကို ရောင်းမှာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။
အင်္ဂလန်လက်ရွေးစင်လည်းဖြစ်သူ စတုန်းကို ပေါင်သန်း ၃၀ အထိပေး ကမ်းလှမ်းခဲ့တာကတော့ နောက်ခံကစားသမား တယောက်အတွက် ဗြိတိသျှ စံချိန်တင်ပြောင်းရွှေ့ကြေး ဖြစ်ပါတယ်။