ချန်ပီယံလိဂ် ၀င်ခွင့် ခြေစစ်ပွဲ မန်ယူ ၃-၁ ဘရူဂယ် (ရုပ်သံဟိုက်လိုက်)
ချန်ပီယံလိဂ်ဝင်ခွင့် ခြေစစ်ပွဲ ပထမအကျော့ပွဲစဉ်အဖြစ် ဒီကနေ့မနက်အစောပိုင်းက မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ ဘယ်လ်ဂျီယံက ကလပ် ဘရူဂယ်အသင်းတို့ ပွဲစဉ်မှာ မန်ချက်စတာ အသင်းက ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။
ပွဲစပြီး ၈ မိနစ်မှာ မန်ယူက မိုက်ကယ်ကဲရစ်က ကိုယ့်ဂိုးကိုယ်သွင်းမိပြီး ဘယ်လ်ဂျီယံ ကလပ်အတွက် ဦးဆောင်ဂိုးရသွားပါတယ်။ ပထမပိုင်း ၁၃ မိနစ်နဲ့ ၄၃ မိနစ်တွေမှာ ဒီပေးက ချေပ ဂိုးရော အနိုင်ဂိုးပါသွင်းပေးခဲ့ပါတယ်။
ဒုတိယပိုင် ပွဲပြီးခါနီး မိနစ် ၉၀ လောက်မှာ ဖလိုင်နီက မန်ယူ အတွက် နောက်ဆုံးတတိယ ဂိုးကို သွင်းယူပေးသွားခဲ့ပါတယ်။