အစိုးရအဖွဲ့ဝင် အပြောင်းအလဲစာရင်း ဘုရင်အတည်ပြုရန် တင်ပြပြီးဟု ထိုင်းဝန်ကြီးချုပ် ဆို

ဓာတ်ပုံ - ရိုက်တာ
1.7K
ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာက အစိုးရအဖွဲ့ဝင် အပြောင်းအလဲစာရင်းကို ဘုရင့် အတည်ပြုချက်ရဖို့ ထိုင်းဘုရင်ဆီ တင်ပြခဲ့ပြီးပြီလို့ ဒီကနေ့ သြဂုတ်လ ၁၈ ရက်နေ့ မနက်က ပြောဆိုလိုက်ပါတယ်။
အစိုးရအိမ်တော်က အစိုးရအဖွဲ့ အစည်းအဝေးမှာ သဘာပတိအဖြစ် မဆောင်ရွက်ခင် အခုလို ပြောလိုက်တာပါ။
အစည်းအဝေးမှာတော့ သြဂုတ်လ ၁၇ ရက်နေ့ညက ရတ်ချပရာစုံလမ်းဆုံက ပေါက်ကွဲမှုကို ဦးတည်ထား ဆွေးနွေးဖို့ မျှော်လင့်ထားပါတယ်။
ထိုင်းဝန်ကြီးချုပ်ဟာ အစိုးရအဖွဲ့ဝင် အပြောင်းအလဲ အသေးစိတ်ကိုပြောဖို့ ယဉ်ယဉ်ကျေးကျေး ငြင်းပြီး တော်ဝင်အမိန့်ကိုသာ စောင့်မယ်လို့ ပြောခဲ့တဲ့အကြောင်း ဘန်ကောက်ပို့စ် သတင်းစာက အစီရင်ခံထားပါတယ်။