နိုင်ငံတကာ မြန်မာ့ရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲကြီး ရန်ကုန်တွင် ကျင်းပမည်

ရန်ကုန်မြို့ သိမ်ဖြူလက်ဝှေ့အားကစားရုံမှာ မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့အဖွဲ့ချုပ်မှ ကြီးမှူးပြီး MITT Group မှ စီစဉ်တဲ့ နိုင်ငံတကာ မြန်မာ့ရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲကြီးကို သြဂုတ်လ ၃၀ ရက်နေ့မှာ ကျင်းပမှာ ဖြစ်ပါတယ်။ All Star Big Fights လို့ခေါင်းစဉ်ပေးထားတဲ့ နိုင်ငံတကာ မြန်မာ့ရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲကြီးမှာ မြန်မာနိုင်ငံက လက်ဝှေ့သမားတွေဖြစ်ကြတဲ့ ထွန်းထွန်းမင်း (မုဒုံ)နဲ့ ဂျက်ဆင် (ဘရာဇီး)၊ စောငမန်း (ရွှေဒူး)နဲ့ သပြေညို (ဘိလပ်မြေစက်ရုံ) စတဲ့ လက်ဝှေ့ပွဲစဉ်တွေ အပါအ၀င် အခြား နိုင်ငံတကာ လက်ဝှေ့သမားတွေနဲ့ ပြည်တွင်း လက်ဝှေ့သမားတွေ ယှဉ်ပြိုင်ထိုးသတ်မယ့် ပွဲဖြစ်ပါတယ်။ လက်မှတ်များကို ရန်ကုန်မြို့ လမ်းမတော်မြို့နယ် A-714 ညောင်ပင်လေးဈေးပလာဇာမှာ ၀ယ်ယူနိုင်ပြီး ရုံဝင်းကြေး မြန်မာကျပ်ငွေ ၁၅၀၀၀၊ ၃၀၀၀၀ နဲ့ ၅၀၀၀၀ တို့ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up