စပိန် နွေရာသီပွဲတော် နွားရိုင်းလိုက်ပွဲအတွင်း သေဆုံးသူ ၇ ဦးအထိရှိ (ရုပ်သံ)

5.1K
စပိန် နိုင်ငံရဲ့ နွေရာသီပွဲတော်တွေထဲက တခုဖြစ်တဲ့ နွားရိုင်းလိုက်ပွဲအတွင်း ဇူလိုင်ကနေ အခုထိ လူ ၇ ဦး သေဆုံးခဲ့ပြီးပြီလို့ ဒေသခံ မီဒီယာက အစီရင်ခံပါတယ်။
သြဂုတ် ၁၄ ရက်နေ့ကနေ ၁၆ ရက်နေ့ထိ စုစုပေါင်း လူ ၄ ဦးဟာ နိုင်ငံတလွှား မတူတဲ့ ပွဲတော်တွေအတွင်း နွားရိုင်းဝှေ့လို့ သေဆုံးခဲ့တယ်လို့ စပိန်ရုပ်သံ TVE က ပြောပါတယ်။
ထရက်စ်ပီနေဒိုမြို့ကောင်စီဝင် အသက် ၃၆ နှစ်အရွယ် ဟိုဆေး အယ်လ်ဘာတို ပဲနပ်စ် လိုပဲ့ဇ် ဟာလည်း သြဂုတ် ၁၅ ရက်နေ့ နွားရိုင်းလိုက်ပွဲအတွင်း နွားရိုင်းက ပြေးလမ်း နောက်ဆုံးအပိုင်းမှာ လူအုပ်ဘက်ကို မမျှော်လင့်ဘဲ ပြန်လှည့်ဝှေ့ခဲ့လို့ နွားရိုင်းဝှေ့ ခံခဲ့ရပါတယ်။
ကြက်ခြေနီအဖွဲ့ကတော့ သူ့ရဲ့ ညာဘက်ပေါင်မှာ ဒဏ်ရာရတယ်လို့ ပြောတဲ့အကြောင်း စပိန်သတင်းဌာန EFE က အစီရင်ခံခဲ့ပေမယ့် သူဟာ ဆေးရုံမှာ သေဆုံးခဲ့ပါတယ်။
၁၉၁၀ က စတင်တဲ့ မှတ်တမ်းအတွင်း ပမ်ပလိုမာက နွားရိုင်းလိုက်ပွဲမှာ သေဆုံးသူ ၁၅ ဦးရှိပြီး အများစုကတော့ ချိုနဲ့ အဝှေ့ခံရလို့ သေဆုံးတာ ဖြစ်ပါတယ်။