A d v e r t i s e m e n t With Us

မြန်မာနိုင်ငံရေဘေးသင့်ဒေသများအတွက် အရေးပေါ်အထောက်အပံ့ ဂျပန်က ပေးအပ်မည်

မြန်မာနိုင်ငံ ရေဘေးသင့်ဒေသများအတွက် အရေးပေါ်အကူအညီ ထောက်ပံငွေ ဂျပန်ယန်းငွေ ၃၂၅ သန်း (အမေရိကန်ဒေါ်လာ ၂ ဒသမ ၆ သန်း) ပေးအပ်ရန် ဂျပန်အစိုးရအဖွဲ့က ပြီးခဲ့တဲ့ သြဂုတ် ၁၄ ရက်နေ့က ဆုံးဖြတ်ခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးက သတင်းထုတ်ပြန်ပါတယ်။ အဆိုပါ ထောက်ပံမှုဟာ ရေဘေးကယ်ဆယ်ရေးအတွက် ဂျပန်အစိုးရရဲ့ ထောက်ပံ့မှု အများဆုံး ဖြစ်ပြီး အရေးပေါ်လူသားချင်းစာနာထောက်ထားမှုအကူအညီအဖြစ် အစားအစာ၊ ရေနဲ့ သန့်ရှင်းရေး၊ နားခိုရာနေရာနဲ့ နေ့စဉ်သုံးပစ္စည်းများကို ကုလသမဂ္ဂအဖွဲ့အစည်းများနဲ့ နိုင်ငံတကာကြက်ခြေနီအဖွဲ့များမှတဆင့် ထောက်ပံ့မှာ ဖြစ်ပါတယ်။ ရေဘေးသင့် ဒုက္ခသည်များအတွက် လိုအပ်ချက်ဖြစ်သော စောင်အထည် ၆၀၀၀၊ အိပ်ရာ ၁၀၀၀နဲ့ ပလစ်စတစ်တာပေါ်လင် ၉၀ အိတ်တို့ကို ဂျပန်အစိုးရက မြန်မာအစိုးရထံ သြဂုတ် ၅ ရက်နေ့က ပေးအပ်ခဲ့ပါတယ်။ မြန်မာပြည်တ၀န်း ပြည်နယ်နဲ့ တိုင်းဒေသကြီး ၁၂ ခုမှာ ရေလွှမ်းမိုးမှုကြောင့် လူပေါင်း ၁ သန်းကျော် ရေဘေးဒုက္ခ ခံစားနေရပြီး သေဆုံးသူ ၁၀၀ နီးပါးရှိနေပြီလို့  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက တရားဝင်စာရင်း ထုတ်ပြန်ထား ပါတယ်။

A d v e r t i s e m e n t With Us

More News
Up