A d v e r t i s e m e n t With Us

မိုးမုန်တိုင်းကြောင့် တရုတ်တွင် မြေနိမ့်ပိုင်း လမ်းနှင့် အိမ်များကို ရေလွှမ်းမိုး မြေပြို (ရုပ်သံ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံချင်းမြို့ရဲ့ နေရာအတော်များများမှာ မိုးမုန်တိုင်းတွေ တိုက်ခတ်ခဲ့လို့ ပြီးခဲ့တဲ့ သြဂုတ် ၁၇ ရက်နေ့က မြေနိမ့်ပိုင်းက လမ်းတွေနဲ့ အိမ်တွေ ရေလွှမ်းမိုးခဲ့ပြီး မြေပြိုခဲ့ပါတယ်။ သြဂုတ် ၁၆ ရက်နေ့ညတည်းက မိုးက သည်းကြီးမည်းကြီး စတင် ရွာသွန်းခဲ့လို့ မြစ်ရေက ပြောင်းပြန်စီးခဲ့ပြီး ထောင်နဲ့ ချီတဲ့လူတွေ မိုးကြီးတဲ့ဒဏ် ခံခဲ့ရပါတယ်။ ယုံချွမ်ခရိုင်မှာ မိုးသည်းလို့ မြေပြိုပြီး မြေနိမ့်ပိုင်းက လမ်းတွေ ပျက်စီးခဲ့ပါတယ်။ ဒေသခံအာဏာပိုင် တွေက ကပ်ဘေးတုံ့ပြန်ရေး အရေးပေါ် အကောင်အထည်ဖော်ခဲ့တာပါ။ ကယ်ဆယ်ရေးသမား အုပ်စုတွေ အတော်များများကလဲ သောင်တင်နေတဲ့ ဒေသခံတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်း ပေးခဲ့ကြပါတယ်။

A d v e r t i s e m e n t With Us

More News
Up