A d v e r t i s e m e n t With Us

နောက်ခံလူ ရာမို့စ် ရီးရဲလ်အသင်းနှင့် သက်တမ်းတိုး စာချပ် ချုပ်

ဓာတ်ပုံ - ရိုက်တာ
မန်ယူက ခေါ်ယူတော့မယ်လို့ သတင်းကြီးနေတဲ့ နောက်ခံလူ ရာမို့စ်ဟာ  ရီးရဲလ်နဲ့ ၂၀၂၀ အထိ သက်တမ်းတိုးစာချုပ် ချုပ်ဆိုလိုက်ပြီဖြစ်ပါတယ်။ အသက် ၂၉ နှစ်အရွယ် ရာမို့စ်ဟာ ဆီဗီးလားလူငယ် အကယ်ဒမီကျောင်းထွက် တဦးဖြစ်ပြီး ရီးရဲလ်ကို ၂၀၀၅ ကတည်းက ရောက်ရှိခဲ့သူဖြစ်ပါတယ်။ သူဟာ တရာသီပြီးတရာသီ ခြေစွမ်းပိုပြလာနိုင်ခဲ့သလို ပြိုင်ပွဲပေါင်းစုံအတွက် ပွဲပေါင်း ၄၀၀ ကျော် ပါဝင်ကစားပေးထားပါတယ်။ စပိန်လက်ရွေးစင်လည်းဖြစ်တဲ့ ရာမို့စ်ဟာ ရီးရဲလ်နဲ့အတူ ၁၀ နှစ်အတွင်း လာလီဂါချန်ပီယံ ၃ ကြိမ်၊ ချန်ပီယံဖလား ၁ ကြိမ်နဲ့ စပိန်ဘုရင့်ဖလား ၂ ကြိမ်၊ ကမ္ဘာ့ချန်ပီယံကလပ်များဖလား၊ ဥရောပစူပါဖလားနဲ့ စပိန်စူပါဖလားတွေ ရရှိထားသူဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်နဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ အဆင်မပြေဖြစ်နေချိန်မှာ မန်ချက်စတာယူနိုက်တက် အသင်းက ရာမို့စ်ကို ပေါင် ၂၈ ဒသမ ၆ သန်းနဲ့ ကမ်းလှမ်းခဲ့ပေမယ့် ရီးရဲလ်မက်ဒရစ်အသင်းက ငြင်းပယ်ခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up