A d v e r t i s e m e n t With Us

အီကွေဒေါမြို့တော်အနီး မီးတောင် လှုပ်ရှားမှုကြောင့် အရေးပေါ်အခြေအနေ ကြေညာ (ရုပ်သံ)

အီကွေဒေါနိုင်ငံ ကီတိုမြို့တော်အနီးက မီးတောင်ကြီးတလုံး သြဂုတ် ၁၄ ရက်နေ့ကစပြီး လှုပ်ရှားမှု ပြင်းထန်လာလို့ သြဂုတ် ၁၅ ရက်နေ့မှာ မြို့တော်နဲ့ ပတ်ဝန်းကျင် အရေးပေါ် အခြေအနေ ကြေညာထားလိုက်ပါတယ်။ အီကွေဒေါသမ္မတက အခုလို အရေးပေါ်အခြေအနေ ကြေညာပေးခဲ့ပြီး မြို့တော်အာဏာပိုင်တွေ အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ လိုအပ်သလို ထောက်ပံ့ကူညီခွင့်ပေးခဲ့ပါတယ်။ ဒီ ကိုတိုပါဇီ (Cotopaxi) မီးတောင်ကြီးဟာ ကမ္ဘာ့အပြင်းထန်ဆုံးနဲ့ အန္တရာယ်အကြီးဆုံး မီးတောင်တလုံး ဖြစ်တယ်လို့ ဆိုပါတယ်။ သြဂုတ် ၁၄ ရက်နေ့ကစပြီး အသေးစား မီးတောင်ပေါက်ကွဲမှုတွေ စတင်ဖြစ်ပွားနေခဲ့ပြီး မီးတောင်ပြာတွေကို ကောင်းကင်အထက် ၅ ကီလိုမီတာ အမြင့်အထိ မှုတ်ထုတ်နေတာပါ။ မြို့တော်မြောက်ဘက် မိုင် ၃၀ အကွာအထိ မီးတောင်ပြာတွေ ရောက်ရှိခဲ့တယ်လို့ မြို့တော်အာဏာပိုင်တွေက ပြောဆိုပါတယ်။ တောင်တက်ဝါသနာရှင်တွေနဲ့ မီးတောင်အနီးက အမျိုးသားသဘာဝဥယျာဉ်တွေဆီ သွားရောက်လည်ပတ်ခွင့်ကို အစိုးရက လောလောဆယ် ပိတ်ထားပါတယ်။ ကိုတိုပါဇီ မီးတောင်ကြီး နောက်ဆုံးအကြိမ် အပြင်းထန်ဆုံး ပေါက်ကွဲခဲ့တဲ့ခုနှစ်ကတော့ ၁၈၇၇ ခုနှစ်က ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up