အသေခံဗုံးခွဲမှုကြောင့် ပန်ဂျပ် ပြည်နယ်အစိုးရ ပြည်ထဲရေးဝန်ကြီး သေဆုံး

ဓာတ်ပုံ - ရိုက်တာ
1.3K
ပါကစ္စတန်နိုင်ငံမြောက်ပိုင်းက ပန်ဂျပ် ပြည်နယ်မှာ သြဂုတ် ၁၆ ရက်နေ့က အသေခံ ဗုံးဖောက်ခွဲမှုဖြစ်ခဲ့ပြီး ပန်ဂျပ်ပြည်နယ်အစိုးရ ပြည်ထဲရေးဝန်ကြီး သေဆုံးခဲ့တယ်လို့ ပါကစ္စတန်ရဲတပ်ဖွဲ့က ပြောပါတယ်။
ပန်ဂျပ်ပြည်ထဲရေးဝန်ကြီး ခန်ဇာဒါ (Khanzada) က အစည်းအဝေးလုပ်နေချိန် အသေခံ ဗုံးခွဲတိုက်ခိုက်ခံရတာဖြစ်ပြီး တခြားလူ ၁၂ ဦးလည်း သူနဲ့အတူ သေဆုံးခဲ့တာပါ။
ဒီ ပန်ဂျပ်ပြည်နယ်ဟာ ပါကစ္စတန်နိုင်ငံရဲ့ အကြီးဆုံးပြည်နယ်ဖြစ်ပြီး လက်ရှိ ပါကစ္စတန်ဝန်ကြီးချုပ် နာဝပ်ဇ်ရှရစ်ဖ် (Nawaz Sharif) ရဲ့ မွေးရပ်ဇာတိပြည်နယ်လည်း ဖြစ်ပါတယ်။
ဒီတိုက်ခိုက်မှုကို အယ်လ်ကိုင်းဒါးအဖွဲ့ခွဲ ဆွန်နီစစ်သွေးကြွ Lashkar-e-Islam အဖွဲ့က စေခိုင်းခဲ့တာလို့ ကြေညာထားပါတယ်။
ပြီးခဲ့တဲ့လက သူတို့ရဲ့ခေါင်းဆောင် သတ်ဖြတ်ခံရတဲ့အတွက် လက်တုံ့ပြန်တာလို့ ပြောဆိုထားပါတယ်။
ပန်ဂျပ်ပြည်နယ် ပြည်ထဲရေးဝန်ကြီးဟာ အခုနှစ်အတွင်း အကြမ်းဖက်တိုက်ခိုက်မှုနဲ့ သေဆုံးခဲ့တဲ့ အဆင့်အမြင့်ဆုံး ပါကစ္စတန်အစိုးရ အရာရှိကြီးဖြစ်ပါတယ်။
ဒီအကြမ်းဖက်အဖွဲ့ဟာ အခုနောက်ပိုင်းနှစ်တွေအတွင်း နိုင်ငံတ၀န်း အကြမ်းဖက်တိုက်ခိုက်မှုတွေကို နောက်ကွယ်က အဓိကကြိုးကိုင်နေတာပါ။
ဒီ Lashkar-e-Islam စစ်သွေးကြွအဖွဲ့ဟာ ပါကစ္စတန်နိုင်ငံရဲ့ လူနည်းစု ရှီးယားမွတ်စလင်တွေကို အဓိက ပစ်မှတ်ထားတိုက်ခိုက်နေပြီး ရှီးယားမွတ်စလင်တွေ ရာနဲ့ချီ သေဆုံးခဲ့တာပါ။
ဒါကြောင့် ပါကစ္စတန်အစိုးရက တရားမ၀င်အဖွဲ့အစည်းအဖြစ် ၂၀၀၁ ခုနှစ်က ကြေညာခဲ့ပြီး အမေရိကန် အစိုးရကလည်း ၂၀၀၃ ခုနှစ်မှာ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာခဲ့ပါတယ်။