ရော်ဂျာစ်ဖလား တင်းနစ် အမျိုးသမီးဗိုလ်လုပွဲ ဆယ်ကျော်သက် ဆွစ်ဇာလန်သူ ဗိုလ်စွဲ (ရုပ်သံ)
ပြီးခဲ့တဲ့ သြဂုတ် ၁၅ ရက်နေ့က ရော်ဂျာစ်ဖလား တင်းနစ် အမျိုးသမီးတဦးချင်းမှာ ဆွစ်ဇာလန်နိုင်ငံသူ ဘယ်လင်ဒါ ဘန်းစစ်က ဗိုလ်စွဲသွားပါတယ်။
ဘန်းစစ်ဟာ ရိုမေးနီးယားနိုင်ငံသူ စီမိုနာ ဟယ်လပ်ကို ၇-၆၊ ၇-၇၊ ၃-၀ နဲ့ အနိုင်ယူလိုက်တာ ဖြစ်ပါတယ်။
တခါမှ ဖလားမရဘူးသေးတဲ့ အသက် ၁၈ နှစ်ရှိ ပါရမီရှင်လေးအတွက် အိပ်မက်ဆန်ဆန် အောင်ပွဲ ဖြစ်သွားပါတယ်။
ဘန်းစစ်ဟာ ဆီမီးဖိုင်နယ်မှာလည်း ကမ္ဘာ့နံပါတ် ၁ ဆရီနာ ၀ီလျံကို မမျှော်လင့်ဘဲ အနိုင်ရခဲ့ပြီး နောက်ဆုံးဗိုလ်လုပွဲကို တက်လှမ်းခဲ့တာ ဖြစ်ပါတယ်။
ရှုံးသွားတဲ့ ဟယ်လပ်ကလည်း ဆီမီးဖိုင်နယ်မှာ အီတလီက အာရန်နီကို ၆-၄၊ ၆-၄ နဲ့ အနိုင်ကစားခဲ့သူ ဖြစ်ပါတယ်။