A d v e r t i s e m e n t With Us

ကမ္ဘာ့ဖလား ကြက်တောင်ရိုက်ပြိုင်ပွဲ လက်ရှိချန်ပီယံများ သရဖူ ဆက်ထိန်း (ရုပ်သံ)

သြဂုတ် ၁၆ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျကာတာမှာ ကစားခဲ့တဲ့ ကမ္ဘာ့ဖလား ဘတ်မင်တန် (Badminton World) တဦးချင်း ကြက်တောင်ရိုက်ပြိုင်ပွဲမှာ တရုတ်နိုင်ငံက  ချန်းလွန်နဲ့ စပိန်နိုင်ငံက ကာရိုလိုင်းနား မာရင်တို့က ချန်ပီယံသရဖူကို ဆက်လက် ကာကွယ်နိုင်ခဲ့ကြပါတယ်။ အမျိုးသားတဦးချင်း နောက်ဆုံးပွဲစဉ်မှာ ချန်းလွန်နဲ့ မလေးရှားက လီချောင်ဝေတို့ ယှဉ်ပြိုင်ခဲ့ပြီး တရုတ်ကြက်တောင်သမားက ၂၁-၁၄၊ ၂၁-၁၇ နဲ့ ၆၅ မိနစ် အတွင်းမှာပဲ အနိုင်ရသွားပါတယ်။ မလေးရှားကြက်တောင်သမားဟာ ဗိုလ်လုပွဲမှာ ၃ ကြိမ် ရှုံးထားပြီး အခုအချိန်အထိ ဖလား မရဖူးသေးပါဘူး။ အမျိုးသမီး တဦးချင်း ဖိုင်နယ်မှာတော့ မာရင်က အိန္ဒိယက စိုင်နာ နာဝယ်နဲ့ ယှဉ်ပြိုင်ခဲ့ရပြီး ၂၁-၁၆၊ ၂၁-၁၉ နဲ့ အနိုင်ရခဲ့ပါတယ်။ ပွဲက အကြိတ်အနယ် ရှိခဲ့ပေမယ့် မာရင်က တနာရီ အတွင်းမှာပဲ ပြိုင်ဘက်ကို အနိုင်ကစားခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up