A d v e r t i s e m e n t With Us

သစ်တောမြေဧက ၄၇၀၀၀ ကျော်တွင် လောင်ကျွမ်းနေသည့် အော်ရီဂွန်ပြည်နယ် တောမီး (ရုပ်သံ)

အမေရိကန်ပြည်ထောင်စု အနောက်ပိုင်းဒေသမှာ ရာသီဥတု ပူပြင်းခြောက်သွေ့နေတဲ့အတွက် တောမီးတွေ လောင်ကျွမ်းနေပါတယ်။ ပြီးခဲ့တဲ့ သြဂုတ် ၁၅ ရက်နေ့က အော်ရီဂွန်ပြည်နယ် ၀ါမ် စပရင်းစ် (Warm Springs) မြို့ ပတ်ဝန်းကျင်မှာ လူနေအိမ်တွေကို တောမီး ကူးစက်လောင်ကျွမ်းလာတဲ့အတွက် ဒေသခံတွေကို ကယ်ဆယ်ရေး စခန်းတွေဆီ ကူညီပြောင်းရွှေ့ပေးခဲ့ကြပါတယ်။ ၀ါမ် စပရင်းစ်မြို့နဲ့ ပတ်ဝန်းကျင်မှာ တောမီးတွေ ဟိုတစဒီတစ လောင်ကျွမ်းနေပြီး တောမီးရဲ့ ၃ ရာခိုင်နှုန်းကိုပဲ ထိန်းချုပ်နိုင်သေးတယ်လို့ မီးသတ်တပ်ဖွဲ့ဝင်တဦးက ပြောဆိုပါတယ်။ ဒေသခံတွေကို အမေရိကန်ကြက်ခြေနီအဖွဲ့က ဖွင့်လှစ်ထားတဲ့ ကယ်ဆယ်ရေးစခန်းတွေဆီ ပြောင်းရွှေ့နိုင်ဖို့ ဒေသခံ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေက ကူညီဆောင်ရွက်ပေးနေပါတယ်။ သစ်တောမြေဧက ၄၇၀၀၀ ကျော်မှာ တောမီးလောင်ကျွမ်းနေပြီး ရဟတ်ယာဉ်တွေနဲ့ပါ ကြိုးစား ငြှိမ်းသတ်နေကြပါတယ်။ ၀ါမ် စပရင်းစ်မြို့မှာ မြို့ခံ ၁၀၀၀ လောက်နဲ့ ကန်ယွန် ကရက်က် (Canyon Creek) မြို့ငယ်မှာ မိသားစုဝင် ၁၀၀ ကျော် ကယ်ဆယ်ရေးစခန်းတွေဆီ ယာယီပြောင်းရွှေ့ ခိုလှုံနေကြတယ်လို့ မီးသတ်အာဏာပိုင်တွေက ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up