လိင်တူချင်းစုံမက်သူ ဘောလုံးသမား ဘောလုံးလောကမှ ထွက်ခွာတော့မည်

ဓာတ်ပုံ - ရိုက်တာ
2.4K
လိင်တူချင်းစုံမက်သူ အဖြစ် အများသိအောင် ကြေညာခဲ့တဲ့ ပထမဆုံး ဘောလုံးသမား မိုက်ကယ် ဆမ်က သူ့ စိတ်ကျန်းမာရေးကြောင့် ဘောလုံးလောက ကနေ ထွက်သွားတော့မယ်လို့ ကြေညာလိုက်ပါတယ်။
ပြီးခဲ့တဲ့ မေလတုန်းက စာချုပ် ချုပ်ထားတဲ့ ကနေဒီယံ ဘောလုံးအဖွဲ့ချုပ် မွန်ထရေး အလူတီ အသင်းကလည်း ဆမ်ရဲ့ ကိုယ်ရေးကိုယ်တာ အကြောင်းပြချက်ကြောင့် အသင်းရဲ့ လူစာရင်းကနေ ဆိုင်းငံ့ထားတယ်လို့ ပြောပါတယ်။
ဆမ်က ကိုယ်ပိုင် တွစ်တာမှာ ကျန်ခဲ့တဲ့ ၁၂ လဟာ သူ့အတွက် ခက်ခဲခဲ့ပြီး စိတ်ကျန်းမာရေးအတွက် စိုးရိမ်လာတယ်လို့ ရေးသားထားပါတယ်။
လောလောဆယ်အချိန်မှာ ဘောလုံးကစားတာ အနားယူမှာဖြစ်ပြီး နားလည်စွာ အားပေးကြတဲ့ ပရိသတ်တွေအတွက် ကျေးဇူးတင်တဲ့အကြောင်း ရေးသားထားပါတယ်။