ရုရှားသရဲတစ္ဆေကြီးများ လမ်းလျှောက်ပွဲနေ့ ရုပ်သံ
ရုရှားနိုင်ငံ စိန့်ပီတာစဘတ်ဂ်မြို့မှာ လူငယ်ရာပေါင်းများစွာဟာ နာနာဘာဝ သရဲ တစ္ဆေတွေလိုဝတ်ဆင်ပြီး မြို့ထဲလမ်းမအသီးသီးမှာ စုရုန်းလမ်းလျှောက်ခဲ့ကြတယ်လို့ စီစီတီဗွီသတင်းမှာ ဖော်ပြပါတယ်။
ဒါဟာ အဲဒီမြို့မှာ ၇ ကြိမ်မြောက် ပြုလုပ်ခဲ့ကြတာဖြစ်ပြီး သူတို့ဟာ လက်နက်တွေနဲ့ သရဲတစ္ဆေတွေလိုဝတ်စားပြီး ဆစ်စနော့ဘ်ကာပန်းခြံထဲကို ချီတက်ခဲ့ကြတာပါ။
မိတ်ကပ်ပညာရှင်တွေကလည်း ပါဝင်သူတွေရဲ့ အ၀တ်အစားအပြင်အဆင်တွေကို ကူညီပေးခဲ့ကြပါတယ်။
အဲဒီ စုရုံးလမ်းလျှောက်ကြတဲ့ အဖွဲ့ခေါင်းဆောင်တဦးဖြစ်တဲ့ မာတင်က “ကျနော်တို့ မစိုးရိမ်ပါဘူး။ နာနာဘာဝသရဲတစ္ဆေတွေနဲ့ ကျနော်တို့စကားပြောဖို့ကြိုးစားတာပါ”လို့ ပြောပါတယ်။
ခုလိုသရဲတစ္ဆေတွေလို စုရုံးလမ်းလျှောက်ကြတဲ့ အလေ့အထဟာ မြောက်အမေရိကမှာ စတင်ခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာတော့ ဥရောပနိုင်ငံတွေနဲ့ ချီလီနဲ့အာဂျင်တီးနား တို့လို လက်တင်အမေရိကနိုင်ငံတွေထိ လျင်လျင်မြန်မြန်ပျံ့နှံ့လာခဲ့တာ ဖြစ်ပါတယ်။