အမေရိကန်တွင် အသေးစားလေယာဉ် ၂ စီး တိုက်မိ၊ ၄ ဦး သေဆုံး (ရုပ်သံ)

3.5K
အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဒီရေးဂိုး (San Diego) မြို့မှာ သြဂုတ် ၁၆ ရက်နေ့က အသေးစားလေယာဉ် ၂ စီး လေထဲမှာ တိုက်မိကြပြီး လူ ၄ ဦး သေဆုံးတယ်လို့ အရေးပေါ် ကယ်ဆယ်ရေး အာဏာပိုင်တွေက ပြောဆိုပါတယ်။
အင်ဂျင် ၂ လုံးတပ် ဆီးပါလိုင်နာ(Sabreliner) အသေးစားဂျက်တစင်းနဲ့ ပန်ကာတလုံးတပ် ဆက်စနာ (Cessna 172) အပေါ့စားလေယာဉ်တို့ ဆန်ဒီရေးဂိုးလေဆိပ်နဲ့ ၂ မိုင်အကွာမှာ အခုလိုတိုက်မိပြီး ပျက်ကျခဲ့တာပါ။
အခုလို လေထဲမှာ တိုက်မိရတဲ့အကြောင်းရင်းကို အမေရိကန်လေကြောင်းအာဏာပိုင်အဖွဲ့နဲ့ အမေရိကန်သယ်ယူပို့ဆောင်ရေး ဘေးကင်းလုံခြုံရေးအဖွဲ့တို့က စုံစမ်းဆဲလို့ ကယ်လီဖိုးနီးယားပြည်နယ် မီးသတ်တပ်ဖွဲ့အရာရှိက ပြောဆိုပါတယ်။
သေဆုံးသူအရေအတွက် အပြောင်းအလဲရှိနိုင်ပြီး သူတို့တွေရဲ့ အသေးစိတ်အချက်အလက်လည်း လောလောဆယ် မရရှိသေးဘူးလို့ မီးသတ်အရာရှိက ပြောပါတယ်။