သြဂုတ် ၁၇ ရက်နေ့ ငွေလဲနှုန်းနှင့် ရွှေဈေး
DVB
·
August 17, 2015
သြဂုတ် ၁၇ ရက်နေ့အတွက် ငွေလဲလှယ်နှုန်းထားတွေကတော့ အမေရိကန် ၁ ဒေါ်လာကို ၁၂၆၆ ကျပ်၊ ၁ ယူရိုငွေကို ၁၄၀၄ ဒသမ ၆ ကျပ်၊ မလေးရှား ၁ ရင်းဂစ်ကို ၃၀၇ ဒသမ ၆၂ ကျပ်၊ စင်ကာပူ ၁ ဒေါ်လာကို ၈၉၉ ဒသမ ၂၄ ကျပ်၊ ထိုင်း ၁ ဘတ်ကို ၃၅ ဒသမ ၈၇ ကျပ် အသီးသီး ဈေးပေါက်ပါတယ်။ (ကိုးကား - မြန်မာနိုင်ငံတော်ဗဟိုဘဏ်)
ပြည်တွင်းရွှေဈေးကွက်မှာ အကယ်ဒမီရွှေဈေး တကျပ်သားကို ၀ယ်ဈေး ၇၅၀၀၀၀ ဖြစ်ပြီး ရောင်းဈေးက ၄၅၀၀ ကျပ် ပိုပါတယ်။
ကမ္ဘာ့ရွှေဈေးကွက်မှာတော့ ၁ အောင်စကို ၁၁၁၆ ဒသမ ၃ ဒေါ်လာ ဈေးပေါက်ပါတယ်။