မသန်စွမ်း တန်းတူရပိုင်ခွင့်အတွက် ရွှေမင်းသားဖောင်ဒေးရှင်းနှင့် ဟန်ဒီကတ်ပ်တို့ ပူးပေါင်းမည်




565
မသန်စွမ်းတွေအတွက် တန်းတူရပိုင်ခွင့် ပေါ်လစီတွေချမှတ်နိုင်ဖို့ စီမံကိန်းကို မန္တလေးတိုင်း ဒေသကြီးအတွင်းက မြို့နယ် ၂ ခု မှာ ရွှေမင်းသားဖောင်ဒေးရှင်းနဲ့ နိုင်ငံတကာအန်ဂျီအို ဖြစ်တဲ့ ဟန်ဒီကတ်ပ် အင်တာနေရှင်နယ်တို့ ပူးပေါင်းပြီး ဆောင်ရွက်သွားဖို့ ရှိပါတယ်။
စီမံကိန်းကာလကို ၃ နှစ် ခန့်မှန်းထားပြီး မသန်စွမ်းသူ အမျိုးသမီးနဲ့ ကလေးတွေအတွက် အဓိက ဦးစားပေး လုပ်သွားမယ်လို့ ပြောပါတယ်။
စီမံကိန်း ပထမအဆင့်မှာ မသန်စွမ်းသူတွေနဲ့ ဆိုင်တဲ့ အချက်အလက်တွေ ကောက်ခံသွားမှာ ဖြစ်ပြီး အဲဒီနောက် လိုအပ်တဲ့ သင်တန်းတွေကို ဖွင့်လှစ်သင်ကြားပေးမယ့် အစီအစဉ် ဖြစ်ပါတယ်။
၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအစီရင်ခံစာအရ မြန်မာနိုင်ငံတဝှမ်းမှာ မသန်စွမ်းသူဦးရေ ၄ ဒသမ ၆ ရာခိုင်နှုန်း ဖော်ပြထားပြီး လူဦးရေအရ ၂.၃ သန်းကျော် ရှိတယ်လို့ ဆိုပါတယ်။ မသန်စွမ်းမှုအမျိုးအစား ၄ မျိုး ရှိရာမှာ မျက်မမြင်ဦးရေအများဆုံးလို့ ဖော်ပြထားပါတယ်။
ဓာတ်ပုံ - ရွှေမင်းသားဖောင်ဒေးရှင်း