အင်ဒိုနီးရှားခရီးသည်တင်လေယာဉ် ပါပူအာဒေသထဲ ပျက်ကျ (ရုပ်သံ)

ပြီးခဲ့တဲ့ သြဂုတ် ၁၆ ရက်နေ့ နေ့လည်ပိုင်းမှာ ပျောက်ဆုံးခဲ့တဲ့ ခရီးသည် ၅၄ ယောက် လိုက်ပါသွားတဲ့  အင်ဒိုနီးရှားခရီးသည်တင်လေယာဉ်ဟာ ပါပူအာဒေသထဲက ဝေးလံခေါင်ဖျား တောင်ထူထပ်တဲ့ဒေသမှာ ပျက်ကျခဲ့တယ်လို့ အစိုးရအရာရှိက ပြောပါတယ်။ ထရစ်ဂါနာ(Trigana)လေကြောင်းလိုင်းပိုင် အဲဒီလေယာဉ်မှာ အရွယ်ရောက်ပြီးသူ ခရီးသည် ၄၄ ဦး၊ လေယာဉ်အမှုထမ်း ၅ ဦးနဲ့ အရွယ်မရောက်သေးတဲ့ကလေးငယ်နဲ့ မွေးကင်းစ ၅ ဦး ပါဝင်တယ်လို့ လေကြောင်းလိုင်းက ပြောပါတယ်။ လေယာဉ်ပေါ်ပါသူတွေထဲက အသက်ရှင်ကျန်ရစ်သူ ရှိသလားဆိုတာ လောလောဆယ် မသိရသေးပါဘူး။ အဲဒီလေယာဉ်ဟာ ပါပူဝါပြည်နယ်မြို့တော် ဂျေယပူရ်မြို့ ဆန်ထာနီလေဆိပ်နဲ့ အော့စ်ဘော်လ်လေ ဆိပ်ကြား ပျံသန်းစဉ်မှာ ခုလို ဖြစ်ခဲ့တာပါ။ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလတုန်းကလည်း အဲအေရှားခရီးသည်တင်လေယာဉ်ဟာ အင်ဒိုနီးရှားနိုင်ငံ ဆူရာဘာယာမြို့ကနေ စင်ကာပူနိုင်ငံသို့ ပျံသန်းစဉ် လေယာဉ်ပျက်ကျပြီး လေယာဉ်ပေါ်ပါ ခရီးသည် ၁၆၂ ယောက် သေဆုံးခဲ့ပါတယ်။ အဲဒီလေယာဉ် ပျက်ကျမှုက အင်ဒိုနီးရှားအစိုးရကို လုံခြုံစိတ်ချရတဲ့ခရီးသွားလာမှုဆိုင်ရာ လုပ်ထုံးလုပ် နည်းတွေကို မြှင့်တင်ဖို့ လှုံ့ဆော်ခဲ့တာပါ။ ဇူလိုင်လအတွင်းမှာ နိုင်ငံမြောက်ပိုင်းမှာ လေတပ်ထောက်ပံ့ရေး လေယာဉ်ပျက်ကျပြီး လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့ပြီးနောက်မှာ ဟောင်းနွမ်းအိုမင်းနေတဲ့ တပ်သုံးလေယာဉ်တွေကို ပြန်လည်သုံးသပ်စစ်ဆေးဖို့ အင်ဒိုနီးရှားသမ္မတက ကတိပေးထားခဲ့တာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up