A d v e r t i s e m e n t With Us

မူလတန်း ပညာရေးအတွက် ငွေကောက်ခံနေဆဲ

အစိုး​ရသစ်ရဲ့​ ပြည်​ထောင်စုအဆင့်​ ပညာ​ရေး​ဝန်ကြီး​ဌာန မူလတန်း​ပညာ​ရေး​အခမဲ့​နဲ့​ ​ကျောင်း​အပ်ချိန် ​ငွေ​ကြေး​ကောက်ခံမှု မလုပ်ဖို့​ ​ပြောဆို​ပေမယ့်​ ဆက်လက် ​ကောက်ခံ​နေပါတယ်။ ဧရာဝတီတိုင်း​ ဘိုက​လေး​မြို့​နယ်က ​ကျေး​ရွာအုပ်စု​တွေမှာ မူလတန်း​ကျောင်း​ အပ်ချိန် ကျပ်​ငွေ ၃ ​ထောင် ​ပေး​ဆောင်​နေရတယ်လို့​ ​ကျောင်း​သား​မိဘတဦး​က ​ပြောပါတယ်။ ဒါ့​အပြင် ​ကျောင်း​သုံး​ဗလာစာအုပ်​တွေကိုပါ တိုင်း​ရန်ပုံ​ငွေအတွက်ဆိုပြီး​ ​ရောင်း​ ချ​နေတယ်လို့​ ဘိုက​လေး​မြို့​နယ် ကြိမ်​ချောင်း​ကြီး​ကျေး​ရွာအုပ်စုက ​ကျောင်း​သား​ မိဘတဦး​က အခုလို ​ပြောပါတယ်။ “မူလတန်း​အဆင့်​မှာ သူတို့​က ​ငွေ​ကြေး​မ​ကောက်ခံရဘူး​လို့​ ​ပြောတယ်။ ဒါ​ပေမယ့်​ ဒီမှာ ​ကျောင်း​သား​တ​ယောက်ကို ၃၀၀၀ ​လောက် ​ကောက်​နေတယ်။ ​ကျောင်း​အပ်တဲ့​အချိန်မှာ အဲဒါအပြင် သူတို့​က စာအုပ်​တွေ​ရောင်း​တယ်။ စာအုပ်​တွေ​ရောင်း​တော့​ ကျ​နော်တို့​က ​မေး​တယ်။ ဒီစာအုပ်က ဘယ်က​နေ ​ရောင်း​တာလဲဆို​တော့​ တိုင်း​ရန်ပုံ​ငွေအဖြစ်​ရောင်း​တာပါလို့​ သူတို့​ကိုယ်တိုင်က ​ပြောတယ်။” မြို့​ပေါ်​ကျောင်း​တွေမှာ ​ကျောင်း​သုံး​စာအုပ်​တွေ၊​ ​ကျောင်း​အပ်ခ​တွေ အခမဲ့​ဖြစ်​ပေမယ့်​ ​ကျေး​ရွာ​တွေမှာ ​ကျောင်း​သုံး​စာအုပ်​ရော ​ကျောင်း​အပ်ခပါ ​ပေး​ဆောင် ရတာလို့​ အဲဒီ​ကျောင်း​သား​မိဘက ​ပြောပါတယ်။ “အပြင်​ဈေး​နဲ့​မကွာဘူး​။ ဒါ​ပေမယ့်​ သူက အခမဲ့​ပညာ​ရေး​စနစ်ဆိုပြီး​တော့​ မြို့​ပေါ်​ကျောင်း​တွေမှာ​တော့​ အဲဒါမျိုး​တွေ မရှိဘဲနဲ့​ စာအုပ်​တွေ​ပေး​တယ်။ အကုန်လုံး​ပေး​တယ်။ ​ကျောင်း​အပ်ခ​တောင်မှ ၂၀၀ ​လောက်ပဲ ရှိတယ်။ ဒီမှာ နယ်​တွေမှာကျ​တော့​ အဲဒီလိုမဟုတ်ဘဲနဲ့​ ၃၀၀၀ ​လောက် ​ကောက်ယူ​နေ​တော့​ ​ကျောင်း​အပ်တဲ့​အခါမှာ အခက်အခဲ​လေး​တွေ အနည်း​ငယ်ရှိကြတယ်။ ဧရာ​ကျေး​ရွာအုပ်စုရယ်၊​ ကဒုံ​ကျေး​ရွာအုပ်စုရယ်၊​ ပျဉ်​ချောင်း​ကျေး​ရွာအုပ်စု အဲဒီမှာလည်း​ ကျ​နော်လည်း​ ရှိ​နေတဲ့​အတွက် ဒီနယ်မှာဖြစ်​နေတာကို ကျ​နော်လည်း​ သိရတယ်။ မနှစ်တုန်း​က​တော့​ နိုင်ငံ​တော်က​နေပြီး​တော့​ မူလတန်း​အဆင့်​ပညာ​ရေး​ကို အခမဲ့​လို့​ မသတ်မှတ်တဲ့​အတွက် ဒီမှာ​တော့​ ​ကောက်ခံတယ်။ ဒီနှစ်​တော့​ မူလတန်း​အဆင့်​ကို စာအုပ်ကအစ အား​လုံး​အခမဲ့​ ဆိုပြီး​ပြောတာကို ​ကောက်ခံတဲ့​စနစ် ဖြစ်​နေတယ်။” မူလတန်း​ကျောင်း​သား​တွေအတွက် ​ကျောင်း​သုံး​စာအုပ်​တွေကို အခမဲ့​ ဖြန့်​ဝေ​ပေး​ဖို့​ ပြီး​ခဲ့​တဲ့​ ​မေလ ၁၇ ရက်​နေ့​က ပြည်​ထောင်စုပညာ​ရေး​ဝန်ကြီး​ ​ဒေါက်တာ မြ​အေး​က ပြည်နယ်တိုင်း​ ပညာ​ရေး​မှူး​တွေကို ​တွေ့​ဆုံမှာကြား​ခဲ့​ပေမယ့်​ ​ကျောင်း​သား​ မိဘ​တွေအနနဲ့​ ​ကျောင်း​သုံး​စာအုပ်နဲ့​ ​ကျောင်း​အပ်ခကို ​ပေး​ဆောင်ရတာ ဖြစ်ပါတယ်။ ဝန်ကြီး​ပြောဆိုချက်နဲ့​ ဆန့်​ကျင်ပြီး​ ​ငွေ​ကြေး​ ​ကောက်ခံမှု​တွေကို မီဒီယာ​တွေက ​ဖော်ထုတ်​ရေး​သား​ပေမယ့်​ အ​ရေး​ယူ​ဆောင်ရွက်မှုမရှိဘဲ ကျန်တိုင်း​နဲ့​ပြည်နယ်​တွေမှာလည်း​ ဆက်လက်ဖြစ်ပွား​နေပါတယ်။ အစိုး​ရက ​မေလ ၂၃ ရက်​နေ့​က​နေ ၃၁ ရက်​နေ့​အထိကို ​ကျောင်း​အပ်နှံ​ရေး​ သီတင်း​ပတ်အဖြစ် သတ်မှတ်ပြီး​ ဇွန်လ ၁ ရက်​နေ့​မှာ​တော့​ ၂၀၁၁-၂၀၁၂ ပညာသင် နှစ်အတွက် မူလတန်း​၊​ အလယ်တန်း​၊​ အထက်တန်း​ စတဲ့​ အ​ခြေခံပညာ​ကျောင်း​အား​လုံး​ စတင်ဖွင့်​လှစ်တာဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up