ပယ်နယ်တီ ၃ ဂိုးဖြင့် မြန်မာ ယူ ၁၉ အသင်းကို ကမ္ဘောဒီးယား ယူ ၁၉ အနိုင်ယူ

ဓာတ်ပုံ - အမ်အက်ဖ်အက်ဖ်
1.9K
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ပြီးခဲ့တဲ့ သြဂုတ် ၁၆ ရက်နေ့က မြန်မာ ယူ ၁၉ အသင်းနဲ့ ကမ္ဘောဒီးယား ယူ ၁၉ အသင်းတို့ ခြေစမ်းကစားခဲ့ရာမှာ မြန်မာအသင်းက ၃ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်သွားပါတယ်။
ပွဲအစ ၃ မိနစ်မှာ အောင်ကောင်းမာန်က ဦးဆောင်ဂိုး သွင်းနိုင်ခဲ့ပေမယ့် ပယ်နယ်တီ ၃ ဂိုး ပြန်ပေးလိုက်ရပြီး ရှုံးခဲ့တာ ဖြစ်ပါတယ်။
မြန်မာ့လက်ရွေးစင် ယူ-၁၉ အသင်းဟာ လာမယ့် သြဂုတ် ၂၀ မှာ လာအိုနိုင်ငံကို ဆက်လက် ထွက်ခွာပြီး အာဆီယံ ယူ-၁၉ ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။